Apr 24, 2011

21 ရာစု စစ်ပွဲ၏ အဆင့်မြင့်ကွန်ပျုတာဂိမ်းနည်းပညာများ

ယမန်နေ့က US president Obama မှ မောင်းသူမဲ့ Remote Control ဖြင့်ထိန်းချုပ်ထားသည့် Drone တိုက်လေယဉ်ကို လစ်ဗျားနိုင်ငံတွင် အသုံးပြုရန် ခွင့်ပြုချက်ချပေးလိုက်ပါသည်။ အာဏာရှင် ကဒါဖီမှ မစ်ဇလာတာမြို့ ရှိ အရပ်သားများကို ၄င်း၏စစ်တပ်အင်အားဖြင့် ချေမှုန်းနေမှုကြောင့်အရပ်သားများစွာနေအိမ်မှထွက်ပြေးနေရပြီး နေ့စဉ်သေ
ကြေမှုများနှင့်ရင်ဆိုင်နေရသည် မှာ တလကျော်ခဲ့ပြီး၊ ထိုကဒါဖီ၏တပ်အားချေမှုန်းရန်တွက် ၄င်းရေဒီယို အဝေးထိန်းစံနစ်မောင်းနှင်သော တိုက်လေယဉ်ကို အသုံးပြုရန် US Air force မှယမန်နေ့ မှစတင်နေပြီးဖြစ်သည်။ ထို တိုက်လေယဉ်တိုက်ခိုက်မှုကြောင့် အစွမ်းကြောင့်တာလီဘန်များ နှင့် အယ်ကိုင်ဒါး၏အရေးပါသောခေါင်းဆောင်များအာဖဂန်နစ်စတန်တွင် အကြီးကျုယ်ထိခိုက်ကျဆုံးမှုနှင့်ရင်ဆိုင်ခဲ့ရပါသည်။

 အိုဘားမားမှ၎ငိးမောင်းသူမဲ့ ကွန်ပြူတာဖြင့်ထိမ်းချုပ်ထားသော လေယဉ်ကိုသုံးရန်ဆုံးဖြတ်ချက်ချအပြီး ကဒါဖီ၏လက်ကျန် နောက်ဆုံးအစိုးရမှ၎င်း၏တပ်များကို မစ်ဇလာတာမြို့ မှပြန်ဆုပ်ခွါပေးမည်ဟု ပြည်ပမီဒီယာများမှတဆင့်ကြေငြာခဲ့ပါသည်။
မောင်းသူမဲ့အဝေးထိန်းစံနစ်တိုက်လေယဉ်
၎င်းကို ထိမ်းချုပ်ရာအခန်းနှင့်အရာရှိများ

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ