May 2, 2011

Bin Laden already buried at sea

အိုစမာဘင်လာဒင်အလောင်းအား ပင်လယ်တွင်းတွင် သင်္ဂြုလ်လိုက်ပြီးဖြစ်ကြောင်း

အမေရိကန်မှတာဝန်ရှိသူများမှ အိုစမာဘင်လာဒင်အလောင်းအား မူဆလင် ဘာသာထုံးတမ်းစဉ်လာအရပင်လယ်တွင်းတွင် သင်္ဂြုလ်လိုက်ပြီဟုပြောကြားပါသည်။ ဘင်လာဒင်အလောင်းအား မြေပေါ်တွင်သင်္ဂြုလ်ရန်လက်ခံနိုင်မည့်တိုင်းပြည်ရှားပါးသောကြောင့်၎င်း။ မူဆလင်ထုံးတမ်းစဉ်လာအရ သေဆုံးသူအလောင်းအား ၂၄ နာရီထက်ကျော်လွန်ထားရန်
မရသောကြောင့်၎င်း ယခုကဲ့သို့ ပင်လယ်တွင်းသင်္ဂြုလ်ရန်ဆုံးဖြတ်လိုက်သည်ဟုဆိုပါသည်။

သို့ သော် အချို့ သောသူများမှ ထင်မြင်ချက်ပေးသည်မှာ မြေပေါ်တွင်သင်္ဂြုလ်ပါက ၄င်း၏အုပ်ဂူနေရာသည် အကြမ်းဖက်သမားများတွက် အထိမ်းမှတ်ကျောက်တိုင်နေရာသဖွယ် အဖြစ်ကို အမေရိကန်မှမလိုလားသောကြောင့် ထိုသို့ ပြုလုပ်လိုက်သည်ဟုယူဆကြပါသည်။


အမေရိကန်မှထိပ်တန်းအရာရှိမှပြောကြားရာတွင် ဘင်လာဒင်အလောင်းအား မူဆလင် Islamic ထုံးစံအရကိုင်တွယ်သင်္ဂြုလ်ခဲ့ခြင်းပြောသော်လည်း မည်သည့်နေရာပင်လယ်ဟုအတိကျပြောရန်ငြင်းဆိုသွားသည်။

news source: 7news yahoo.

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ