ဝါရှင်တန် - အမေရိကန်မှဥပဒေပြုလွှတ်တော်အမတ်များမှ မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ ၏စစ်ရာဇ၀တ် မှုများကို ကုလသမ္မဂမှအလျှင်အမြန်စုံစမ်းစစ်ဆေးနိုင် ရန်တွန်းအားပေးရန်အတွက် စောလျှင်စွာလုပ်ဆောင် ရန် သမ္မတ အိုဘားမားထံသို့ တိုက်တွန်းလိုက်ပါသည်။ ၄င်းအမတ်များမှမြန်မာနိုင်ငံတွင်အစိုးရကိုယ်တိုင် အကြမ်း ဖက်မှုများသည်ပြစ်ဒါဏ်ပေးခံမှုမရှိပဲဆက်လက်တည် ရှိနေသည်ဟုဆိုပါသည်။
ဝါရှင်တန်၏သမ္မတရုံး၏အထွေထွေအတွင်းရေးမှုးချုပ် ဟယ်လင်ကလင်တန်မှလဲ ယခင်နှစ်သြဂုတ်လထဲမှ အမေရိကန်အစိုးရနေနှင့် မြန်မာစစ်အာ ဏာရှင်အဖွဲ့ ကိုအရေးယူမှုပြုနိုင် မည့် ထိုစစ်ဆေးမှုများ ကိုထောက် ခံကြောင်း ကုလသမ္မဂ၏စုံစမ်းစစ်ဆေးမှုကော်မရှင်ကို အပြည့်ဝထောက်ခံကြောင်းပြောကြား ခဲ့ပါသည်။
သို့သော်အချို့ သောသူများမှ မြန်မာစစ်အုပ်၏ အရင်းနှီးဆုံးအားထားရသောတရုတ်အစိုးရ၏ထောက်ခံ မှုမရ မခြင်းထိုစုံစမ်းစစ်ဆေးမှုအကောင်ထည်ဖေါ်ရန်မှာခက်ခဲသည်ဟုဆိုပါသည်။
အမေရိကန်လွှတ်တော်အမတ် ၃၁ဦးမှ လက်မှတ်ရေးထိုးပြီး သမ္မတအိုဘားမားထံပေးပို့ သောစာတွင် "မြန်မာစစ်တပ်သည် လူသားခြင်းစာနာမှုကင်းမဲ့သည့် လုပ်ရပ် များကိုဆက်လက်ကြူးလွန်နေမှုများကြောင့် ယခု စုံ စမ်းစစ်ဆေးမှုကိုအကောင်ထည်ဖေါ်ရန်အရေးပေါ်လိုအပ်နေပြီ" ဟုပြောကြားထားပါသည်။
၎င်းတို့ မှဆက်လက်ပြီး "ယခုအခါအမှန်တကယ်ကောင်ထည်ပေါ်မည့် လုပ်ရပ်များကိုလုပ်ဆောင်သင့်သည့်  ချိန်ကျပြီးဖြစ်ကြောင်း" "ထိုစုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်ပေါ် လာရန်အမေရိကန်၏လုပ်ဆောင်ချက်ကို ယခုထက်နှစ်ဆတိုးလုပ်ဆောင်သင့်ကြောင်း" ရေးသားထားပါသည်။
ထိုစာတွင် လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့ မှဇန်န၀ါရီလတွင်းအစီရင်ခံစာပါ ချင်းပြည်နယ်တွင်းမိ သားစု ၉၀ရာနှု န်းသည် အနည်းဆုံးတအိမ်ထောင်တွင်တစ်ဦးသည်အဓ္ဓမလုပ်အားပေးခိုင်းစေရာတွင်၎င်း၊ အစုလိုက်အပြုံလိုက်အမျိုးသမီးများအား အဓ္ဓမပြုကျင့်ခံရမှုများကို၎င်းဖေါ်ပြထားသည်။
အိုဘားမားအစိုးရရုံးမှ ၂၀၀၉ ခုနှစ်တွင် စစ်အာဏာရှင်များအား အထီးကျန်ဆက်ဆံခြင်းသည် အောင်မြင်မှု မရှိဟုယူဆပြီး မြန်မာစစ်အာဏာရှင်များနှင့်ဆက်ဆံရန်ကျိုးစားခဲ့ပါသည်။ အမေရိကန်အစိုးရအဖွဲ့ မှဆက် လက်ပြီးယခုကဲ့သို့ မြန်မာအစိုးရ၏လူ့ အခွင့်ရေးချိုးဖောက်မှုများဆက်လက်ဖြစ်ပေါ်နေခြင်းမှာလွန်စွာ စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်းနှင့်ပြောင်းလဲလုပ်ဆောင်မှုများကိုအကောင်ထည်ဖေါ်သွားမည်ဟုဆိုပါသည်။
News source: AFP
Posts by: Objective - Burma
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ