Oct 15, 2011

အာဏာရှင်စော်နံတဲ့ ပုဂ္ဂိုလ်ရေး ဇောင်းပေးမှုကို ပြုပြင်ပါ

လူထု စိန်ဝန်း (ဦးစိန်ဝင်း) ၏ EMG မှ ဆောင်းပါးတစ်ပုဒ်မှ ကောက်နှုတ်ချက်။

သတင်းမီဒီယာတွေ နားထောင်၊ ဂျာနယ်တွေဖတ်လုပ်တဲ့အခါတိုင်း သမ္မတကြီးဦးသိန်းစိန်အပါအ၀င် နိုင်ငံခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ ပြောကြားနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားသံတွေနဲ့ မအပ်စပ်တဲ့စကားသံတွေလည်း ကြားကြားနေရတဲ့ အတွက် ရေးဖြစ်တာပါ။ အဲဒီစကားသံတွေကတော့
''သမ္မတကြီးညွှန်ကြားတဲ့အတိုင်း''
''သမ္မတကြီးပြောကြားတဲ့အတိုင်း''
''သမ္မတကြီးဆုံးဖြတ်တဲ့အတိုင်း'' ဆိုတဲ့ အသံတွေဖြစ်တယ်။ ဒီစကားတွေက အရာရာကို သမ္မတကြီးတစ်ယောက်တည်းရဲ့သဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အစိုးရအဖွဲ့၊ အထူးသဖြင့် ဒီမိုကရေစီလမ်း ကြောင်းလိုက်နေတဲ့ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ အာဏာရှင်စနစ်အောက်မှာဆိုရင်တော့ နားလည်နိုင်တယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုတော့ အာဏာရှင်စော်နံတဲ့ ဒီစကားမျိုးတွေ မသုံးသင့်တော့ဘူး။


သမ္မတကြီးဦးသိန်းစိန်ဟာ အမြော်အမြင်ရှိပြီး စိတ်နေသဘောထား ပြည့်ဝသူဖြစ်တယ်လို့ သိရှိထားပါတယ်။ ဒီမိုကရေစီစနစ်ကို လိုလားသူလို့လည်း ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုဆန်လွန်းပြီး အာဏာရှင်အနံ့အသက်မကင်းတဲ့ ဒီလိုချီး ပင့်မြှောက်စားပြောစကားမျိုးကို နှစ်သက်လိမ့်မယ်လို့ မထင်ဘူး။အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်တို့၊ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ ကျင့်သားရအောင် သုံးသင့်တယ်။.........

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ