Nov 5, 2011

ကလေးကလားနှင့်လူကြီး ကစားခြင်းလား


ဖဲကြိုးဖြတ်တယ်ဆိုတာ ရပ်ကွက်လူကြီး အဆင့်နှင့် စီပင်သာယာ အဆင့် လောက်က လုပ်သင့်တဲ့ လုပ်ရပ်တွေကို ဟိုးဒုသမ္မတ အဆင့်က လုပ်ရတယ်လို့ ဒီလို  ကလေးကလား အလုပ်တွေ လုပ်ပြီး အချိန်ဖြုန်းနေလို့ နှစ်ပေါင်း ၄၀တွင်း တိုင်းပြည်ဟာ ဟိုး အောက်ဆုံးမြောင်း ထဲရောက်နေတာ သတိ ရှိကြပါ နေပြည်တော် သူ နေပြည်တော် သားတို့ ခင်ဗျား။

ဘယ်တိုင်းပြည်က သမ္မတ နှင့်ဝန်ကြီးချုပ်ကများ နေ့ စဉ်ဖဲကြိုးတွေလိုက်ဖြတ်နေလဲ ဘယ်သတင်းစာမှာများ တွေ့ မိသလဲ မိမိပတ်ဝန်းကျင်ကို လှည့်ကြည့်ပါဦး သမ္မတဆိုသူကြီးများခင်ဗျား။ ရှက်တတ်ရင် အဲဒီလို လုပ်ရပ်တွေကို ဆက်မလုပ်ပဲ တိုင်းပြည် တကယ်အကျိုးရှိမဲ့ လူကြီးပီသတဲ့ သိက္ခာရှိလုပ် ရပ်တွေ လုပ်ကြပါ။ ရပ်ကွက်အဆင့် အလုပ်တွေကို သမ္မတရာထူးယူသူတွေ လိုက်လုပ်နေစရာမလိုဘူး။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ