Nov 9, 2011

What is Politic? နိုင်ငံရေးဆိုတာ ဘာလဲ??


နိုင်ငံရေးဆိုတာ တိုင်းပြည်ရှိနေထိုင်သူတွေရဲ့ 
စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေး 
ထိုအရေးများ အားလုံးပေါင်းစည်းထားသည်ကို နိုင်ငံရေးဟုခေါ်သည်။
နိုင်ငံသားမှန်လျှင် မည်သူမဆိုနိုင်ငံရေးကို နားလည် လေ့လာရမည်။ အနည်းဆုံး မိမိ နိုင်ငံသား တစ်ဦး၏ အခွင့်အရေး ဘာရှိသည်ကို သိရမည်။ 
နိုင်ငံသားတစ်ဦးသည် မိမိတိုင်းပြည်တွင်း လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်ရှိရမည်၊ မည်သည့် ရပ်ကွက်အာဏာပိုင်ကိုမှ ခရီးသွားလာခွင့် သို့ မဟုတ် ရောက်ရာအရပ်တွင် ရောက်ရှိကြောင်း ဧည့် စာရင်းတိုင်စရာမလိုရ။

နိုင်ငံရေးကို မိမိကိုယ်တိုင် ၀င်ရောက်မလုပ်ချင်တောင် နိုင်ငံအာဏာယူထားသူတို့ ၏လုပ်ရပ်သည် မိမိ၏ အနာဂတ်နှင့် မိသားစုအပေါ် ကောင်းကျိုး ဆိုးကျိုး ဘယ်လို ဖြစ်ပေါ်နိုင်သည်ကို သိရှိရန် လူတိုင်း လေ့လာရမည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ