Feb 28, 2012

-သခင်အောင်ဆန်းလုပ်ကြံမှုနောက်ကွယ်မှ -

ဗြိတိသျှအစိုးရဥပဒေမှာ ၄င်းတို့ လျှို့ ဝှက်ထိန်းသိမ်းထားသော အစိုးရမှတ်တမ်းများကို နှစ်ပေါင်း ၆၀ ပြည့်လျှင်အများ ပြည်သူမှ တောင်းယူ ကြည့်ရှုပိုင်ခွင့်ရှိပါသည်။

ဂလုံဦးစောမှ သခင်အောင်ဆန်းကို လုပ်ကြံခဲ့သည်မှာ နှစ်ပေါင်း ၆၄ နှစ်ရှိပြီး ဖြစ်သောကြောင့် ထိုအချိန်မှ ဗိုလ်ချု့ပ်လုပ်ကြံမှုတွင်းပါဝင်ပတ်သက်နေသူများနှင့် ၄င်းတို့ နောက်ကြောင်းများကို စုံစမ်းရရှိထားသည့် စကော့တလန်ယာဒ် စုံထောက်အဖွဲ့ ၏မှတ်တမ်းများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗြိတိသျှအစိုးရအားတရားဝင် ထုတ်ပြန်ပေးရန်တောင်းဆိုသင့်သည်။ သခင်အောင်ဆန်း လုပ်ကြံခံရမှုတွင် ဦးစော နောက်ကွယ်မှ ကြိုးကိုင်သူရှိသည် ဆိုသည့် အငြင်းပွါးမှုကြီး သည်ယနေ့ချိန်တိုင် မဖြေရှင်းနိုင်သေးပါ။ ထို့ ကြောင့် ဗြိတိန်နိုင်ငံတွင် သိမ်းဆည်းထားသော ထိုအမှုနှင့်ပတ်သက်သည့် လျှို့ ဝှက်မှတ်တမ်းများအား ထုတ်ဖေါ်ရန်လိုအပ်နေပြီး။ Freedom of information Act ဥပဒေအရ ဗြိတိန်နိုင်ငံအစိုးရအား DVB မှဖြစ်စေ သို့ မဟုတ် NLD မှဖြစ်စေ မြန်မာပြည်သူများ ကိုယ်စား တောင်းဆိုပေးရန် မေတ္တာရပ်ခံပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမှုသည် မြန်မာတမျိုးသားလုံးနှင့်သက်ဆိုင်သည့် အမှုဖြစ်သည်။

ဗြိတိန်နိုင်ငံ freedom of information act ဥပဒေအရ အများပြည်သူမှစိတ်ဝင်စားသော အကြောင်းရာများကို အများပြည်သူကို ထုတ်ပြနိုင်သည့် အဖွဲ့ အစည်း (ဥပမာ၊ သတင်းစာ။ တီဗွီ၊ မီဒီယာ) မှတောင်းဆိုခွင့်ရှိသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ