Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 1, 2012

လာလည်သူများသို့ 

လာလည်သောမိတ်ဆွေများကို ကျေးဇူးတင်ပါသည်။ ဘလော့များ တခေတ်မှိန်သွားချိန်တွင် Facebook တွင် ပိုမိုမြန်ဆန် သွက်လက်ပြီး ပိုမိုထိရောက်သော ကြောင့် update တွေကို facebook ပေါ်တွင်ဆွေးနွေးမှုပိုမိုပြုလုပ်နေပါသည်။ ယခုဘလော့ကို မှတ်တမ်းအနေနှင့် ထိန်းသိမ်းပြီး အချို့ သော အရေးကြီးသည့်များကိုသာ ဆက်လက်ရေးသားပါမည်ဖြစ်သောကြောင့် Facebook မှာ Add လုပ်ကြပါရန်။  https://www.facebook.com/ObjectiveBurmablog

Mar 7, 2012

ကြံ့ခိုင်ရေးပါတီမှ လူများလက်ရှိအုပ်ချုပ်နေသောသူများ စတင်ညစ်ပတ်နေပြီး

DVB: http://www.rfa.org/burmese/news/voter-name-mistake-03062012110703.html
တချို့လူတွေက မဲစာရင်းထဲကို မပါဘူး။ ပါနေတဲ့လူတွေက ရပ်ကွက်ထဲမှာ မနေဘဲ ကြံ့ခိုင်ရေးက နာမည်တွေဖြစ်နေတယ်။ ကျွန်တော်တို့မှာ လုပ်ရကိုင်ရ အတော်ကျပ်တယ်။ ကိုယ့်ရပ်ကွက်မှာနေတဲ့လူ အိမ်ထောင်စုဇယား ပေါက်တဲ့လူက နာမည်မပါဘူး။ အဲဒီလူတွေက ကိုယ့်ကို မဲပေးမယ့်လူတွေများတယ်။ သိသိသာသာကတော့ ကိုယ့်အဖွဲ့ဝင်တွေကတော့ ပိုသိတာပေါ့။ ရပ်ကျေးထဲမှာ ကိုယ့်စာရင်းထဲမှာ ပါမပါ မဲဆန္ဒရှင်တွေက မသိကြဘူး

Feb 29, 2012

Facebook မှ သုံးစွဲသူ မိုဘိုင်းဖုန်းရှိ SMS message များကို ခိုးယူနေသည်။ သင်ဖုန်းပြောသည်များကို ကြားဖြတ်နားထောင်နေကြောင်းဝန်ခံ

သင့်မိုဘိုင်းဖုန်းတွင် သွင်းထားသော Facebook software မှ Smartphone, Iphone သုံးစွဲနေသူများ၏ အီးမေး၊ SMS message နှင့်ဓါတ်ပုံများ၊ မိမိ၏ဖုန်းပြောဆိုနေမှုများကို ၄င်းတို့ ၏ နောင်လာမည့် SMS Services တွက် ၀င်ရောက်ခိုးယူ နားထောင်မှုများပြုလုပ်နေသည်ကို ၀န်ခံလိုက်ကြောင်းကို The Lodon Sunday Times News မှထုတ်ဖေါ်လိုက်သည်။

သင်သုံးစွဲနေသော သင့်ဖုန်းမှအင်တာနက် dating လှုပ်ရှားမှုများ၊ ရာဟူး messenger, MSN messenger လှုပ်ရှားမှုများကို သင်သုံးစွဲနေသာ မိုဘိုင်းဖုန်း၏  facebok application မှခိုးယူစောင့်ကြည့်နေသည်ဟု ၄င်းသတင်းကပြောကြားသည်။ Facebook မှလဲ ၄င်း၏ facebook application ကိုသင့်ဖုန်းပေါ်တွင် သုံးစွဲလျင် သင့်၏ကိုယ်ရေးအချက်လက်များကို မျှဝေရန် လက်ခံပါသည်ဟု terms and conditions policy တွင် အတိလင်းကြေငြာပြီး သင်မှ ၄င်းအချက်ကိုလက်ခံပြီးဖြစ်သည်ဟု မှတ်ယူသည်ဟု ပြန်လည်ခြေပပါသည်။ သို့ သော် ထို terms and conditions policy ကိုဖတ်ရှုသည်မရှိသလောက်ဖြစ်ပြီး ပြီးစလွယ်လက်ခံလိုက်သည် ကများနေကြောင်းထိုသတင်းမှပြောပါသည်။Apple Store မှဒေါင်းလော့ လုပ်ထားသော ဆော့ပ်ဝဲလ်များ သည် ထို apple ၏ terms and conditions policy အတိုင်းအကြုံးဝင်သောကြောင့် သင်မည်သို့ မှ ပြန်လည် တရားစွဲမရနိုင်ပါ။

 အချို့ သော မိုဘိုင်းဖုန်း appplication များ game application များသည်  မိမိဖုန်းကင်မရာကိုပင် ထိန်းချုပ်ပီး အချိန်မရွေး ၄င်းတို့ လိုရာကို ရိုက်ယူနိုင်ရန် ပြုလုပ်ထားကြောင်းဆိုပါသည်။

မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်လက်များဟာ ရွှေကဲ့ သို တန်ဖိုးရှိသောကြောင့် မိမိလုံခြုံရေးကိုမိမိဘာသာ ပိုမိုဂရစိုက်ကြရန် Privacy International Campaign အဖွဲ့ မှ သတိပေးထားသည်။


------------------------
ထို့ ကြောင့် အမျိုးသား အမျိုးသမီးများ မိမိအိပ်ခန်းများ၊ ရေချိုးခန်းများတွင် မိမိဖုန်းရှေ့ လုပ်ချင်ရာလုပ်ခြင်းများ သတိထားကြပါရန်အသိပေးပါသည်။

Feb 28, 2012

-သခင်အောင်ဆန်းလုပ်ကြံမှုနောက်ကွယ်မှ -

ဗြိတိသျှအစိုးရဥပဒေမှာ ၄င်းတို့ လျှို့ ဝှက်ထိန်းသိမ်းထားသော အစိုးရမှတ်တမ်းများကို နှစ်ပေါင်း ၆၀ ပြည့်လျှင်အများ ပြည်သူမှ တောင်းယူ ကြည့်ရှုပိုင်ခွင့်ရှိပါသည်။

ဂလုံဦးစောမှ သခင်အောင်ဆန်းကို လုပ်ကြံခဲ့သည်မှာ နှစ်ပေါင်း ၆၄ နှစ်ရှိပြီး ဖြစ်သောကြောင့် ထိုအချိန်မှ ဗိုလ်ချု့ပ်လုပ်ကြံမှုတွင်းပါဝင်ပတ်သက်နေသူများနှင့် ၄င်းတို့ နောက်ကြောင်းများကို စုံစမ်းရရှိထားသည့် စကော့တလန်ယာဒ် စုံထောက်အဖွဲ့ ၏မှတ်တမ်းများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗြိတိသျှအစိုးရအားတရားဝင် ထုတ်ပြန်ပေးရန်တောင်းဆိုသင့်သည်။ သခင်အောင်ဆန်း လုပ်ကြံခံရမှုတွင် ဦးစော နောက်ကွယ်မှ ကြိုးကိုင်သူရှိသည် ဆိုသည့် အငြင်းပွါးမှုကြီး သည်ယနေ့ချိန်တိုင် မဖြေရှင်းနိုင်သေးပါ။ ထို့ ကြောင့် ဗြိတိန်နိုင်ငံတွင် သိမ်းဆည်းထားသော ထိုအမှုနှင့်ပတ်သက်သည့် လျှို့ ဝှက်မှတ်တမ်းများအား ထုတ်ဖေါ်ရန်လိုအပ်နေပြီး။ Freedom of information Act ဥပဒေအရ ဗြိတိန်နိုင်ငံအစိုးရအား DVB မှဖြစ်စေ သို့ မဟုတ် NLD မှဖြစ်စေ မြန်မာပြည်သူများ ကိုယ်စား တောင်းဆိုပေးရန် မေတ္တာရပ်ခံပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမှုသည် မြန်မာတမျိုးသားလုံးနှင့်သက်ဆိုင်သည့် အမှုဖြစ်သည်။

ဗြိတိန်နိုင်ငံ freedom of information act ဥပဒေအရ အများပြည်သူမှစိတ်ဝင်စားသော အကြောင်းရာများကို အများပြည်သူကို ထုတ်ပြနိုင်သည့် အဖွဲ့ အစည်း (ဥပမာ၊ သတင်းစာ။ တီဗွီ၊ မီဒီယာ) မှတောင်းဆိုခွင့်ရှိသည်။

Something what the world wants to see and what the Burmese can't find it