Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Apr 8, 2011
နိုင်ငံတော်ကြီးနှင့် Airport Tax in U$$$$
င်္င်္ဧပြီလ ၁ရက်မှစတင်ပြီး ရန်ကုန်လေဆိပ်ရှိ Airport tax ကို U$ 1၀ (၁၀ ဒ်ါလာ)နှုန်းနှင့် ကောက်ခံနေပါပြီး။ ကျပ်ငွေ နှင့် ပေးမရတော့ပါ။ အဲတော့ နိုင်ငံတော် ကြီးတို့ သတ်မှတ်ထားတဲ့ ဥပဒေဖြစ်တဲ့ နိုင်ငံခြားငွေ လက်ဝယ်တွေ့ ရှိသူများ ဥပဒေအရ အရေးယူမည်ဆိုတော့ ကျုပ်တို့  နိုင်ငံသားတွေက ဘယ်က နိုငံခြားငွေ အမေရိကန်ဒေါ်လာကို ရှာပြီး တရားဝင် အခွန်ဆောင်ရမှာလဲ နိုင်ငံတော်ကြီးတို့ ရေ။ ကိုယ်ထုတ်တဲ့ဥပဒေနဲ့ ကိုယ် ထုတ်တဲ့ စည်းကမ်း ကိုယ့်ဖာသာလဲ ပြန်စမ်းစစ်ကြည့်ပါဦး နိုင်ငံတော်ကြီးတို့ ခင်ဗျား။ နိုင်ငံတော်ကို ချစ်လှစွာသော နိုင်ငံတော်ကြီးတို့ ကဘာကြောင့် များ ကိုယ်ထုတ်တဲ့ ပိုက်ဆံ ကျပ်ငွေကို ကိုယ်ပြန်လက်မခံရလည်း ဆိုတာ နိုငိငံတော်ကြီး ဦးသိန်းစိန် အဖြေပေးပါခင်ဗျား။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ