ဂစ္ဆပသတင်းဌာန မှ သတင်း
ခလရ ၂၃၃ တပ်ရင်းမှ တပ်သား ၂ ဦးကို ၄ လအတွင်း ပစ်သတ်ဖြတ်
ခလရ ၂၃၃ ရှေ့တန်း (ရတ)တပ်ရင်းမှ လက်နက်အပြည့်အစုံဖြင့် ၄ လအတွင်း အသီးသီး တိမ်းရှောင်သည့် တပ်သား တင်ထွန်းနှင့် မင်းဇော်ဦး ၂ ဦးကို ပစ်သတ်ဖြတ် လိုက်ကြောင်း သတင်းရရှိသည်။
တပ်သား တင်ထွန်းမှာ မောင်တောမြို့နယ် နယ်မြေ(၂) တောင်ပြိုမြို့နယ်အတွင်း စစ်ဆင်ရေးတာဝန်ကျနေရာ ညဥ့်အချိန်တွင် ဘိုလ်ကြီး အောင်မျိုးထွန်း ဦးစီးသော တပ်ခွဲမှ ဧပြီလ ၃ ရက်နေ့က တိမ်းရှောင်ခြင်းဖြစ်သည်။ တပ်သား မင်းဇော်ဦး (ကပနံပါတ် ၄၃၆၆၂၀)မှာ ဒီဇင်္ဘာလ ၁၇ ရက်နေ့က နယ်စပ်မှတ်တိုင်များအား လိုက်လံစစ်ဆေး ပြုပြင်နေစဉ် ဘိုလ်မှူး မျိုးဇော်ဝင်း ထံမှ တိမ်းရှောင်ခြင်းဖြစ်သည်။ ခလရ ၂၃၃ (ရတ) စစ်ကြောင်းမှူးမှာ
ဘိုလ်မှူး မျိုးဇော်ဝင်း ဖြစ်သည်။
သို့သော်လည်း တသ တင်ထွန်းမှာ သူ၏တပ်ခွဲမှူး ခလရ ၂၃၃ မှ ဘိုလ်ကြီး အောင်မျိုးထွန်း ဦးစီးသောတပ်ခွဲထံ နောက်ယောင်လိုက်လံ ရှာဖွေမှုကြောင့် ဧပြီလ ၃ ရက်နေ့တွင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြရာ တိုက်ပွဲအတွင်း ပွဲချင်းပြီး နံနက် အာရုံ ၃ နာရီ ၂၀ မိနစ်တွင် ပစ်သတ်ဖြတ် အသေဖမ်းဆီး ခံလိုက်ရကြောင်း သိရှိရသည်။
တပ်သား မင်းဇော်ဦးမှာ ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မှတ်တိုင် ၅၇ အနီးမှ ဘင်္ဂလာသို့ တိမ်းရှောင်လွတ်မြောက်ခဲ့သော်လည်း ဘင်္ဂလာ ဒေ့ခ်ျနယ်စပ်လုံခြုံရေးအဖွဲ့ (BGB) မြိတ်ချောင်းစခန်းထံ လက်နက်ချခဲ့ရပြီး၊ အဆိုပါ BGB စခန်းမှ နစကသို့ ဒီဇင်္ဘာလ (၂၂) ရက်နေ့က လွဲပြောင်းခံလိုက်ရပြီး များမကြာမီ ပစ်သတ်ဖြတ် ခံလိုက်ရကြောင်း နစကသတင်းအရ သိရှိရသည်။
မောင်တော-ဘူးသီးတောင်မြို့နယ် နယ်စပ်ဒေသများတွင် စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေ တာဝန်ထမ်းဆောင်နေကြသော စစ်ကြောင်း များမှာ ၄ လ တကြိမ်စီ အလှည့်ကျဖြစ်သည်။ ယခုအခါ နယ်မြေ(၂) နယ်စပ်စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ကို စစ်တွေမြို့ အခြေစိုက် ခလရ ၃၅၄ (ရတ) မှ စစ်ကြောင်းတခု ဧပြီလ ပထမအပတ်က တာဝန်ယူလျှက်ရှိသည်။
ခလရ ၂၃၃ (ရတ) တပ်ရင်းမှာ အဆိုပါ နယ်မြေသို့ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးအရ ဒီဇင်္ဘာလ (၁၀)ရက်နေ့တွင် စတင်ပြီး တာဝန်ယူခဲ့သော စစ်ကြောင်းဖြစ်သည်။
ဘူးသီးတောင် စစ်ဗျူဟာအောက်တွင် ခလရ ၂၃၃ တပ်ရင်း၊ ခလရ ၂၃၄ တပ်ရင်း၊ ခလရ ၂၆၃ တပ်ရင်းနှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တပ်ရင်း စုစုပေါင်း တပ်ရင်း ၄ ရင်းရှိသည်။ ခလရ ၂၃၃ တပ်ရင်းမှာ ဘူးသီးတောင်အခြေစိုက် တပ်ရင်းတရင်းဖြစ်သည်။
မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်အုပ်စု တပ်မတော်သားများ အနေဖြင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်လေ့ ရှိနေကြပြီး ဖေဖေါ်ဝါရီလအတွင်းက ရသေ့တောင် အခြေစိုက် ခလရ ၅၃၈ တပ်ရင်းမှလည်း တပ်သား ၂ ဦး လက်နက်များဖြင့် ထွက်ပြေးကြရာ ပြန်လည်၍ စစ်အုပ်စုထံ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်း သတင်းရရှိသည်။
စစ်အုပ်စု အနေဖြင့် ၎င်းတို့စစ်တပ်မှ လက်နက်အပြည့်အစုံနှင့် တိမ်းရှောင်သော တပ်မတော်သားများကို ပြန်လည်၍ ဖမ်းဆီးမိပါက သေဒါဏ်အပြစ် စီရင်လေ့ အလေ့အထရှိသည်။
(မှတ်ချက်။ ဒီနေ့ တပ်ပြေးတွေများနေတာဟာ တပ်မတော်ကြီး ဘယ်လောက် ပျက်စီးယိုယွင်းနေပြီလဲ ဆိုတာသက်သေ ပြနေတာပဲ။ ခင်ဗျားတို့ တပ်မတော်အင်အားရှိချင်ရင် ပြည်သူ အင်အားရှိအောင်အရင်လုပ်ပါ။)
မူရင်း http:gissapa.blogspot.com
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ