Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 19, 2011

မြန်မာဗိုလ်ချုပ်ကြီးများ တည်တွင်ခဲ့သော အုပ်ချုပ်ရေးစံနစ်သစ်

 စစ်ဗိုလ်ချုပ်ကြီးများမှ ၁၉၆၂ ခုနှစ်မှစတင်ကာ နှစ်ငါးဆယ်ကြာ သုတေသနပြုလုပ်ရာ အောက်ပါ  မြန်မာ့နည်း မြန်မာ့ ဟန်အုပ်ချုပ်ရေး စံနစ်သစ်ကြီးကို ရှာဖွေ တွေ့ ရှိခဲ့ ပါသည်။


အောက်ခြေ၀န်ထမ်းများ

ဟေ့လူ ကျုပ်တို့ ကို အပြစ်မတင်နဲ့ ဗျ၊ ဒါတာဝန်အရ အထက်က အမိန့် ပေးလို့ လုပ်ရတာ။ ကျုပ်တို့ ကအထက် က အဆင့်ဆင့် အမိန့် ပေးလာလျှင် လိုက်လုပ်ရမှာပဲဗျ။ ကျုပ်တို့ လဲ ခင်ဗျားတို့ ကို လုပ်ချင်လွန်းလို့ လုပ်နေတာ မဟုတ်ဖူး နားလည်ပေးပါဗျာ။
××××××××××××××××××××××××××××××××××××××××××××××××××××

 အထက်လူကြီးများ၊ ဗိုလ်ချုပ်ကြီးများ။

ဟေ့ ဒါ မင်းတို့ အောက်ခြေက အစီရင်ခံတဲ့ အတိုင်းပဲလေ ငါတို့ နိုင်ငံတော် အဆင့်ကမင်းတို့ အောက်ခြေက အစီရင်ခံတဲ့အတိုင်း လိုက်ပြီး လိုအပ်သည်များကို ညွန်ကြား၊ ပံ့ပိုးရတာပဲ။

×××××××××××××××××××××××××××××××××××××××××××××××××××××
နိဂုဏ်းမတော့ စာရေးဆရာ အီကြာကွေး ပြောသလို ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး။ 

(မှတ်ချက်။ ကြက်ဥ နှင့် ကြက်မ ဘယ်ကစဖြစ်လဲဆိုတာတော့ တလောကသိပ္ပံပညာ ရှင်တွေရှာဖွေတွေ့  ရှိသွားပြီးတဲ့ ။ ခုလဲအထက်ပါကိစ္စကျုပ်တို့  သုသေသနပြုသင့်တယ်ဗျိုး)

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ