တချိန်ကမြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်အပြီး ၀န်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန်ယခုသမ္မတကြီးဦးသိန်းစိန် သည် ဧရာဝတီတိုင်းတွင်း ကြည့်ရှုစဉ် ဘုန်းကြီးကျောင်းတကျောင်းသို့ အရောက် ဘုန်းကြီးကျောင်းသားလေးမှ
ကျောင်းအောက်မှ မွေးကင်းစခွေးကလေးများကို မွေးစားချင်သူများအားဝေငှပေးနေသည်။
ဘုန်းကြီးကျောင်းသား။ ဗိုလ်ချုပ်ကြီးခင်ဗျား ကျွန်တော့ရဲ့ ခွေးကလေးတစ်ကောင်လောက်မွေးစားပါလား။ သူတို့ ကအခြေခံဥပဒေကိုထောက်ခံကြပါတယ်။
ဗိုလ်ချုပ်သိန်းစိန်က ဘာမှပြန်မပြောပဲထွက်သွားတယ်။ နောက်တနေ့ ထိုကျောင်းကိုတခါပြန်ရောက်သောအခါ ဗိုလ်ချုပ်ကြီးက စိတ်ပြောင်းပြီး ၄င်းဘုန်းကြီးကျောင်းသားကိုခေါ်ပြောပြန်ပါတယ်။
ဗိုလ်ချုပ်သိန်းစိန်။ ဟေ့ကောင်လေး မင်းရဲ့ ခွေးတစ်ကောင်လောက်ငါမွေးစားမယ်ကွာ။ သေချာလား ဒီခွေးတွေက ကအခြေခံဥပဒေကိုထောက်ခံမယ်ဆိုတာ။
ဘုန်းကြီးကျောင်းသာလေးက ဒီချိန်မှာပြောလိုက်တာက၊ " စိတ်မကောင်းပါဖူးဝန်ကြီးချုပ်ခင်ဗျား ကျွန်တော့ခွေးလေးတွေက ကအခု အခြေခံဥပဒေကို မထောက်ခံကြတော့ပါဖူး။"
ဗိုလ်ချုပ်သိန်းစိန်။ ဟုတ်လား။ ဒါနဲ့ နေပါဦး မင်းကဘယ်လိုသိတာလဲ သူတို့ ကအရင်နေ့ ကအခြေခံဥပဒေကိုထောက်ခံပြီး ဒီနေ့ ကျတော့မထောက်ခံတော့ဖူးဆိုတာ။ ရှင်းအောင်ပြောပါဦးကွ။
ဘုန်းကြီးကျောင်းသား။ ဒီလိုပါဝန်ကြီးချုပ် ကျွန်တော့ခွေးကလေးတွေ မွေးကင်းစကလေးတုန်းက အခြေခံဥပေဒေကိုထောက်ခံကြပါတယ်။ ဒါပေမဲ့ သူတော့ခုတော့မထောက်ခံတော့ဖူးဗျ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနေ့ သူတို့ တွေ မျက်လုံးတွေပွင့်လာကြလို့ ပါ။
ရေးသားသူ။ O-Burma
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
ခင်ဗျားလုပ်မှပဲ ရွေးကောက်ပွဲ ၀င်အမတ်တွေလဲ ခွေးလုံးလုံးဖြစ်သွားတော့တာပဲ။
ReplyDeleteမှန်လိုက်လေ..ခွေးတွေဘဲပေါ့
ReplyDelete