Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 4, 2011

လူကြီးလူကောင်း ပြသနာ နှင့် မြန်မာ့ဓလေ့

ကျွန်တော်နားလည်မှုတခုကတော့ ငယ်စဉ်ဘ၀ကလေးထဲက မူလတန်းကျောင်းမှာကော အိမ်မှာပါ ကျွန်တော်တို့ နေ့ စဉ်ရိုက်သွင်းခံခဲ့ရတဲ့ ဦးနှောက် ဆေးကျောမှု အလေ့ကျင့်လေးကပဲ အပြစ်တင်ရမှာလားပဲ။ ဘာလို့ လဲဆိုတော့ " ဟေ့ကောင် လူကြီးပြောရင် ပြန်မပြောနဲ့ နားထောင်လိုက်လုပ်" ဒါကို ကိုမြန်မာလူမျိုးတိုင်း နားစွဲနေအောင်ကြားနေကျပါ၊ ဒီအလေ့ ကျင့် တွေက ကျွန်တော်တို့ ဘွဲ့ တွေရကြီးလာတဲ့ တိုင်အောင် ကပ်ပါလာပြီး အိမ်ထောင်ကျ လို့သားသမီးတွေထွန်းကားချိန်မတော့ အဲဒီ " ဟေ့ကောင် လူကြီးပြောရင် ပြန်မပြောနဲ့ နားထောင်လိုက်လုပ်" ဆိုတာကြီးကို သားသမီး မြေးမြစ်တွေထိ ပြန်လက်ဆင့်ကမ်း ပေးကြပြန်ပါတယ်။ ဗိုလ်ချုပ်သန်းရွေ လဲ ထိုကဲ့ သို့ ပင် ငယ်စဉ်ထဲက လေ့ ကျင့်ပျိုးထောင် ကြီးပြင်းလာခဲ့ရမှာ မလွဲပါ၊ ဒါကို ကမြန်မာ့ဓလေ့ထုံးတမ်း တစ်ခု အဖြစ် ရှေး မြန်မာ ဘုရင် တွေက ၄င်းတို့ တွက် သီးသန့် သတ်မှတ်ခဲ့ ကြတာကိုး၊ သတ်စေ၊ သေစေ၊ သက်ဦးဆံပိုင်၊ တချက်လွတ်အမိန့် တော်။နာခံစေ စသဖြင့်ပေါ့။ ဗိုလ်ချုပ်သန်းရွေ ကိုယ်တိုင် အာဏာရလာချိန်မှာတော့ ၎င်းအလေ့ ကျင့်တိုင်း အဆင်ခြင်မဲ့ စွာ လိုက်လုပ်ပြန်ပါတော့တယ်။


ထိုကဲ့ သို့ ငယ်စဉ်ဘ၀ထဲ ကဦးနှောက်ဆေးကျော ခံခဲ့ရဲ့ ဓလေ့ထုံးစံအောက်မှာ ကြီးပြင်းလာတဲ့ တချို့ သော ခေါင်းဆောင်ဖြစ်လာချိန်မှာတော့ တိုင်းပြည်ကြီး ငါးပါးမှောက်တော့တာပါပဲ။ မိမိလက်အောက်ငယ်သားများကိုလဲ မိမိသားသမီးများကဲ့ သို့ " ဟေ့ကောင် လူကြီးပြောရင် ပြန်မပြောနဲ့ နားထောင်လိုက်လုပ်" ဆိုတာကြီးကို လက်ဆင့်ပွါးကြပြန်ပါတယ်။ ကျွန်တော်တို့ တွေ အဲဒီ သံသရာစက်ဝန်းထဲက မရုံးထွက်နိုင်သမျှတော့ တိုင်းပြည်လဲ နောင်အနာဂတ် နှစ်ပေါင်းများစွာ လူကြီး ပြောရင် ပြန်မပြောပဲ လိုက်လုပ်နေရဦးမှာပါပဲ၊ ဒီနေရာမှာ ဆိုးရွားသူ၊ တယူသန်သူ။ အတ္တကြီးသူ များ လူကြီး ဖြစ်လာခဲ့ လျှင်တော့ အဲဒီ ဆိုးရွားမှုရဲ့ ခိုင်းစေမှုကြောင့် ပျက်စီးခြင်းကိုရင်ဆိုင်ကြရမှာပါပဲ။

တိုင်းပြည်ရဲ့ စံနစ် (သို့ ) အဖွဲ့ စည်းတစ်ခုမှာဖြစ်ဖြစ် ပြန်လှန်ဆွေးနွေးပိုင်ခွင့် ဆိုတာ မရှိလျှင်ဘယ်လို   ဘွဲ့ ရ ဒေါက်တာပဲ လူကြီး လုပ်လုပ်၊ ဘာပညာရှင်ပဲ လူကြီး လုပ်လုပ် မှန်ကန်တဲ့ လွတ်လပ်သော တွေးခေါ်မှုနှင့် အများလက်ခံနိုင်သော လမ်းစဉ်၊ မှန်ကန်သော ဦးဆောင်မှု ပေးနိုင်မည်မဟုတ်ပါ။ ဒီ " ဟေ့ကောင် လူကြီးပြောရင် ပြန်မပြောနဲ့ နားထောင်လိုက်လုပ်" ဆို တဲ့ သံသရာကြီးကို ကျွန်တောို့ နောင်မျိုးဆက်တွေကို ထပ်လောင်း ပြီး လောင်းရိပ်မိ အပင်ငယ် မဖြစ်အောင် မလိုအပ်သော အာဏာရှင်ဆန်သော ယဉ်ကျေးမှုများကို ပြတ်ပြတ်သားသား ပြုပြင်ဖို့ လိုပါပြီး။

ဒီမိုကရေစီဆို တဲ စစ်မှန်တဲ့ အဓိပ္ပါယ်က မိမိဘာသာ တွေးတော ချင့်ချိန်ပြီး အများကိုတင်ပြ အများဆုံးဖြတ်ချက်နှင့် အညီ ဤလူ့ ဘောင် အဖွဲ့ စည်းမှာ နေထိုင်ခြင်းပဲ ဖြစ်ပါသည်။ ဒီမိုကရေစီဆိုတာ ဒီနေ့  စစ်ဘက် ပုဂ္ဂုလ်များ တွေးထင်သကဲ့ သို့ စည်းမဲ့ ပရမ်းပတာ လုပ်ရပ်မဟုတ်ပါ။ စည်းမဲ့ ပရမ်းပတာ လုပ်သူများကို ထိမ်းသိမ်းသော စံနစ်သာဖြစ်ပါသည်။  ဒီမို ကရေစီ စံနစ်မှာ အုပ်ချုပ်ခံလူတန်းစား နှင့် အုပ်ချုပ်သူ ဆိုသော လူတန်းစားမရှိ၊ ပြည်သူတို့ အများသဘောတိုင်း လုပ်ငန်းစဉ်များကို လိုက်ပါလုပ်ဆောင် သော ကိုယ်စားပြုအဖွဲ့ (အစိုးရ) လမ်းစဉ်သာရှိပါသည်၊ ၄င်းလမ်းစဉ်အောက်တွင်မှ အဆင့်လိုက် မိမိရဲ့ အရည်ချင်း၊ အတွေ့ ကြုံလိုက် လုပ်ပိုင်ခွင့် ခန့် အပ်ထားသော တာဝန်ယူရသည့် ရာထူး 
ဥပမာ၊ သမတ္တ၊ ၀န်ကြီးချုပ်၊ ပြည်နယ်အုပ်ချုပ်ခွင့်ရသူ စသဖြင့် ရှိပါသည်။ ထိုပုဂ္ဂုလ်များမှ မိမိတို့ ခန့်အပ်ခံ ရာထူးအရ အလုပ်ကို မှန်မှန်ကန်ကန် မစွမ်းဆောင်နိုင်လျှင် ခန့် အပ်သူပြည်သူက ပြန်လည် ဖြုတ်ချပိုင်ခွင့် ရှိရပါမည်။ အဲလို မဟုတ်ပဲ သက်ဦးဆံပိုင်ခောတ်လို တချက်လွတ်အမိန့် နှင့်အုပ်ချုပ်ပြီး ငါလူကြီးမို့ မင်းတို့ လိုက်နာရမည်။ တစ်နေရာ တစ်ရာထူးမှာ ကုလားထိုင်ဆွေးထိထိုင်ပြီး အမိန့် ပေးနေလျှင် ဘယ်ပါတီ၊ ဘယ်အစိုးရ၊ ဘယ် အဖွဲ့ စည်းမှာမှ တိုးတက်မှုရှိနိုင်မည်မဟုတ်ပါ၊

တိုင်းပြည် စစ်မှန်သော ဒီမိုကရေစီဖြစ်ဖို့ ကျွန်တော်တို့ မိသားစု ဒီမိုကရေစီ။ အဖွဲ့ စည်းဒီမိုကရေစီ မှနေ စတင်ကြဖို့ လိုအပ်ပါပြီး။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ