တနေ့ ဗိုလ်ချုပ်သန်းရွှေသည် ကျွန်တော့်အားတယ်လီဖုန်းဆက်ခေါ်ပြောလေသည်။
ဗိုလ်ချုပ်သန်းရွေ။ ။ဟေ့ မင်းတို့ က အားအားရှိငါ့တို့ ကိုပဲ ထပ်ခါထပ်ခါ ပေါက်တတ်ကရ မဟုတ်က၊ ဟုတ်က၊ ဟာသလုပ်ပြောင်လှောင်ရေးပြီး ဘလော့ပေါ်တင်နေတာ။ တခါတလေ ငါတို့ လုပ်တာအကောင်းတွေလဲ ထည့်ပြောဦးလေကွာ။
ကျွန်တော်။ ။ ဒါနဲ့ ဗိုလ်ချုပ်ကြီးကဘာများ ကောင်းတာတွေလုပ်ခဲ့ သလဲ ပြောပြပါဗျာ။ ထည့် ရေးချင်လွန်းလို့ ပါ။
ဗိုလ်ချုပ်သန်းရွေ။ ။ ဒီလိုလေကွာ ဥပမာ အရင် ဗိုလ်နေ၀င်းလက်ထက်ဆို မင်းတို့ မြန်မာပြည်ကြီး ကမ္ဘာမြေပုံပေါ်ချပြီး လက်ညှိုးထိုးပြတာတောင် ရှာတွေ့ သူတော်တော်ရှားတယ်လေ။ ခုဆို ကမ္ဘာမှာ မြန်မာဟေ့လို့ ပြောစရာမလို ဖူး အားလုံး ကလေးကစ၊ ခွေးကစ သိသွားပြီးလေ။ ဒါငါတို့ တော်လို့ ပေါ့ကွ။ နိုင်ငံတကာ စာအုပ်တွေမှာတောင် နံပါတ်တစ်တို့ ။နှစ်တို့ ။ သုံးတို့ စသဖြင့်ပေါ့။
ကျွန်တော်။ ။ ဟာဗိုလ်ချုပ်ကြီးလုပ်လို့  ကမ္ဘာမှာမြန်မာဖြစ်သွားတာက၊ အဆိုးရွားဆုံးတို့ ၊ အဆင်းရဲဆုံးတို့ ၊ အရမ်းကားဆုံးတို့ ၊ ဘာသာရေး အနှိပ်ကွပ်ဆုံးတို့ ဆိုတဲ့ နာမည်ဆိုးကျာ်ကြားမှုချည်းပဲဗျ။
ဗိုလ်သန်းရွေ။ ။ ဟာငါလခွီး ဒါကတော့ ငါလဲ ငါတတ်တဲ့ဟာကို ငါလုပ်တာပဲကွ။
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ