May 1, 2011

ဗိုလ်ချုပ်သန်းရွေ နှင့် ကမ္ဘာမှာ မြန်မာဟေ့ သီအိုရီ

တနေ့ ဗိုလ်ချုပ်သန်းရွှေသည် ကျွန်တော့်အားတယ်လီဖုန်းဆက်ခေါ်ပြောလေသည်။

ဗိုလ်ချုပ်သန်းရွေ။  ။ဟေ့ မင်းတို့ က အားအားရှိငါ့တို့ ကိုပဲ ထပ်ခါထပ်ခါ ပေါက်တတ်ကရ မဟုတ်က၊ ဟုတ်က၊ ဟာသလုပ်ပြောင်လှောင်ရေးပြီး ဘလော့ပေါ်တင်နေတာ။ တခါတလေ ငါတို့ လုပ်တာအကောင်းတွေလဲ ထည့်ပြောဦးလေကွာ။

ကျွန်တော်။  ။ ဒါနဲ့ ဗိုလ်ချုပ်ကြီးကဘာများ ကောင်းတာတွေလုပ်ခဲ့ သလဲ ပြောပြပါဗျာ။ ထည့် ရေးချင်လွန်းလို့ ပါ။

ဗိုလ်ချုပ်သန်းရွေ။  ။ ဒီလိုလေကွာ ဥပမာ အရင် ဗိုလ်နေ၀င်းလက်ထက်ဆို မင်းတို့ မြန်မာပြည်ကြီး ကမ္ဘာမြေပုံပေါ်ချပြီး လက်ညှိုးထိုးပြတာတောင် ရှာတွေ့ သူတော်တော်ရှားတယ်လေ။ ခုဆို ကမ္ဘာမှာ မြန်မာဟေ့လို့ ပြောစရာမလို ဖူး အားလုံး ကလေးကစ၊ ခွေးကစ သိသွားပြီးလေ။ ဒါငါတို့ တော်လို့ ပေါ့ကွ။ နိုင်ငံတကာ စာအုပ်တွေမှာတောင် နံပါတ်တစ်တို့ ။နှစ်တို့ ။ သုံးတို့ စသဖြင့်ပေါ့။

ကျွန်တော်။  ။ ဟာဗိုလ်ချုပ်ကြီးလုပ်လို့  ကမ္ဘာမှာမြန်မာဖြစ်သွားတာက၊ အဆိုးရွားဆုံးတို့ ၊ အဆင်းရဲဆုံးတို့ ၊ အရမ်းကားဆုံးတို့ ၊ ဘာသာရေး အနှိပ်ကွပ်ဆုံးတို့ ဆိုတဲ့ နာမည်ဆိုးကျာ်ကြားမှုချည်းပဲဗျ။

ဗိုလ်သန်းရွေ။  ။ ဟာငါလခွီး  ဒါကတော့ ငါလဲ ငါတတ်တဲ့ဟာကို ငါလုပ်တာပဲကွ။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ