Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 1, 2011

ကဒါဖီ အာဏာရှင်တို့ တွက် နေကွယ်ချိန်

ယနေ့ နေတိုး အဖွဲ့ ရဲ့တိုက်ခိုက်မှုကြောင့်ဗိုလ်ချုပ်ကြီးကဒါဖီရဲ့ လက်ရုံးအငယ်ဆုံးသားနှင့် ၄င်း၏မြေးများ သေဆုံးသွားပါသည်။ လစ်ဗျားအစိုးရလက်ကျန်အဖွဲ့ မှ သတင်းထောက်များအားခေါ်တွေ့ ပြီး ဗုံးဒါဏ်ခံရသော နေအိမ်ကို ပြသပါသည်။ နေအိမ်အမိုးများ ကွာကျပြီး ကွန်ကရစ်တိုင်များ ပြိုကျနေသည်ကိုတွေ့ ရပါသည်။


လစ်ဗျားအစိုးရပြောခွင့်ရသူမျ "ယခု တောရိုင်းဥပဒေကို နေတိုးမှ ကျင့်သုံးနေပြီ၊ အရပ်သားကို ကာကွယ်ရန်ဆိုပြီး လိုအပ်တာထက်ပိုနေပြီး" ပြောသွားသည်။

ယမန်နေ့ က ကဒါဖီမှာ အပစ်ရပ်ရန်တောင်းဆိုပြီး တော်လှန်ရေးသမားများအား လက်နက်ချခိုင်းခဲ့ပါသည်။ သို့ သော် ၄င်းကိုယ်တိုင်တွင်မှု အာဏာကြိုးကိုင်နေမှုမှ တပြားသားမှ လျှော့မည်မဟုတ်။ လက်ရှိနေရာမှ ဆင်းပေးမည် မဟုတ်ဟု ၄င်းပိုင် ရုပ်သံအစီစဉ်မှာကြေငြာခဲ့သည်။  ထို့ ကြောင့်နေတိုးမှ ထိုကမ်းလှမ်းချက်ကို ကဒါဖီ ၏တပ်များ မစ်ဇလာတာမြို့ မှမထွက်ခွါမချင်း တင့်ကားများနှင့်မြို့ တော်ကို တိုက်ခိုက်နေမှုအားမရပ်တန့် မချင်း လက်ခံမည်မဟုတ်ဟုတ်ဟုငြင်းပယ်ပြီး ယနေ့ တိုက်ခိုက်မှု ဖြစ်ပွါးခြင်းဖြစ်ပါသည်။


လစ်ဗျားတော်လှန်ရေးတပ်အင်အားစု၏ အဓိကပိုင်နယ်မြေဖြစ်သော ဘန်ကာဇီမြိုမှ တော်လှန်ရေးသမားများကလဲ " Fight and Finght" ဟု ကြွေးကြော်ပြီး ဆက်လက်တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြပါသည်။ တော်လှန်ရေးခေါင်းဆောင်မှ ကဒါဖီဟာ ယခင် အပစ်ရပ်ပြောပြီး ဆက်လက်တိုက်ခိုက်နေသာကြောင့် ယုံကြည်ရန်မသင့်သောသူဟုပြောပါသည်။

အမေရိကန် သမ္မတအိမ်ဖြူတော်မှလဲ ကဒါဖီ ရုပ်သံမှ ကြေငြာချက်ကိုသိရှိပြီး အခြေနေကို သတိကြီးစွာ လေ့လာနေသည်ဟုပြောပါသည်။

Source: ရိုက်တာသတင်း

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ