Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 20, 2011

တေဇဟာ သန်းရွေနှင့်ဗိုလ်ချုပ်ကြီးများရဲ့ လက်ပါးစေလေလား

တေဇဆိုလျင်မြန်မာပြည် တွင် ကလေးကစ ခွေးလေခွေးလွင့်အဆုံးသိရှိပြီးသူ နာမည် ဆိုးနှင့်ကျော်ကြား
ပင်ဖြစ်ပါသည်။ ဦးတေဇ သည် ထူးအုပ်စု ကုမ္ပဏီ၏ ဦးဆောင်နာယကဖြစ်ပြီး န၀တ၊ နအဖ လက်ထက် တွင် မြန်မာနိုင်ငံ၏သယံဇာတများ ဖြစ်သော သစ်ခုတ် လှဲခြင်း၊ ကျောက်တူးဖေါ်ခြင်း၊ ဆင်းရဲသော မြန်မာနိုင် ငံတွင် လူပေါင်း သန်း၅၀ ကျော်နေ့ စဉ်အားထားစားသုံးနေရသည့်  စားအုန်းဆီများ လက်ဝါးကြီး အုပ်တင် သွင်း ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ လေကြောင်းပြေးဆွဲမှုလုပ်ငန်း များ နှင့် ကြီးပွါးနေပြီး သူသည် ဗိုလ်ချုပ်သန်းရွှေ မိသားစု၏ စီးပွါးရေး လူယုံ တနည်းအားဖြင့် လက်ပါးစေ အဖြင့်လည်း အများ ကပြောဆိုနေကြသည်။

၁၉၉၇ ခုနှစ်ဝန်းကျင်ခန့် တည်းက မြန်မာအစိုးရတွက် လက်နက်များ ပွဲစား လုပ်တင်သွင်းရသော န၀တ၊နအဖ ၏တရားမ၀င် လက်နက်ပွဲစားလည်းဖြစ်ခဲ့ဖူးသည်ဟုသိရသည်။ ထိုအချိန်က သာမန်ပြည်သူ တစ်ဦးတွက် သင်္ကြန် ရေသေနတ်တောင် ပေါ်ပေါ်တင်တင် သုံးခွင့် မရှိသည့် အချိန်တွင် တေဇမှနေပြီး စစ်သုံး ရဟတ်ယဉ်များ တိုက်လေယဉ်များ ပုံကို ၄င်း၏ထူးကုမ္ပဏီ လက်ကမ်းစာစောင်တွင် ရိုက်နှိပ်ပြီး ဒါတွေကို ထူးကုမ္ပဏီမှ တင်သွင်းပါသည်ဟု ကြော်ငြာရဲသည်ကို ကြည့်ခြင်းဖြင့် သူသည် ဗိုလ်ချုပ်သန်းရွှေ နှင့် နအဖ၏လက်ပါးစေဖြစ်မည်ကို အထင်ရှားသိသာနိုင်ပါသည်။

ဒါကိုThe Washington Times Magazzine မှနေပြီး Stanley A. Weiss နေပြီး တေဇ ဟာ မြန်မာနိုင်ငံ ရဲ့ ပထမ ဆုံး သောဘီလျံနာသေဋ္ဌေးကြီးဖြစ်တယ် သန်းရွေနအဖ ရဲ့ လကပါးစေမဟုတ်ပါ၊ ဒါကြောင့် စီးပွါးရေးပိတ် ဆို့ မှုမှာ ၄င်းအားထည့်ထားခြင်းသည်မကောင်းပါဟု ဆောင်းပါးရေးဖေါ်ပြထားသည်မှာ တေဇမှ ပိုက်ဆံပေး ခိုင်းထားလို့ လားဆိုတာ တွေးမိပါသည်။ ကျေးဇူးပြုပြီး ကိုယ်တိုင်သွားရောက်ဖတ်ရှုပြီး ဝေဖန်ပေးကြပါဦး။ ထူး ကုမ္ပဏီ ရဲ့ ရှယ် ယာအများစုဟာ ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်တယ်ဆိုတာ လူတိုင်းနားလည်ပါ သည်။ မြန်မာ တိုင်းသိပါသည်။

ဆောင်းပါးလင့် http://www.washingtontimes.com/news/2011/may/19/burmas-first-billionaire-no-military-bagman/

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ