Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 31, 2011

ဒီပဲယင်းလုပ်ကြံမှုတွက် ကြံ့ဖွတ်နှင့်အပေါင်းပါ တရားခံများကို နိုင်ငံတကာခုံရုံးတင်နိုင်ရန်ကြိုးပမ်းကြ

ဒေါ်စုလာမဲ့ ဇွန်လထဲမှာခရီးထွက်မည်ဟု AFP သတင်းမှယနေ့ ပြောသည်။ သိန်းစိန် ကြံ့ဖွတ်အစိုးရတွက်တော့  ဒါဟာ နိုင်ငံတွင်းမှာ အမှန်တကယ် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုရှိမရှိ နှင့် နိုင်ငံတကာမှာ မျက်နှာလို ချင်နေမှုကို အကြီးကျုယ်စမ်းသပ်ခြင်းဖြစ်သည်။ သိန်းစိန်အစိုးရအနေနှင့်နောက်တကြိမ် ဒီပဲယင်း ထပ်မံဖြစ် ပွါးလျှင် အာဆီယံတွင်သာမက နိုင်ငံတကာတွင်ပါ လုံးဝနေရာရမည်မဟုတ်။

ဒီပဲယင်းလုပ်ကြံမှုသည် မြန်မာ့သမိုင်းတွင် မြန်မာတည်သမျှကျန်ရစ်မည့် သမိုင်းတွင် အမည်းစက်ဖြစ်သည်။ ယခင်ဒီပဲယင်းအမှုသည် အာဏာပိုင်တို့ ၏ ကမ္ဘာကျော်  ရာဇ၀တ်မှုဖြစ်သောကြောင့် စုံစမ်း စစ်ဆေးရေးကော် မရှင်ဖွဲ့ ပြီး မဖေါ်ထုတ်သမျှ သိန်းစိန်အစိုးရတို့ သည် မည်သောအခါမှ အစိုးရအဖြစ်အသိမှတ် ပြုခံ၇မည်မဟုတ်။

ဒီပဲယင်းတရားခံဘယ်သူလဲ RFA မှ စုံစမ်းချက်။  အသံဖိုင်နားထောင်ရန် နှိပ်ပါ

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ