Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 27, 2011

ရာဇ၀တ်ဘေးပြေးမလွတ်ပါ သန်းရွေ သိန်းစိန် မောင်သောင်းပြင်ထားပါ။

ဆာဗီးယားဆိုတဲ့ ရုပ်ရှင်ကားတကားကို ၁၉၉၈ ခုနှစ်လောက်ကကြည့်လိုက်ရတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု အကြောင်းရိုက်ကူထားတာပါ။ ယခု ၄င်းလူမျိုးတုန်းသတ်ဖြတ်မှု၏တရားခံ စစ်ဗိုလ်ချုပ်ဟောင်း Ratko Mladic ၁၅ နှစ်ကျော်ခွေးပြေး ၀က်ပြေးထွက်ပြေး နေတာမိသွားပါပြီး။ သူ့ကိုကြာသပတေးနေ့ မှာ ရွာငယ်တရွာမှာ ချို့ ချို့ ငဲ့ငဲ့နေရင်းခြေရာခံ မိသွားပြီး အဖမ်းခံလိုက်ရပါသည်။ သန်းရွေလဲ ဒါတွေကို သိလို့ အခြေခံဥပဒေမှာ ၄င်းအာဏာရှိစဉ်လုပ်ရပ်များ အားမည်သို့ မျှတရားစွဲဆိုခွင့်မရှိစေရဟု ထည့်သွင်းထားတာပါ။

၎င်းဘောစနီးယား ဗိုလ်ချုပ်ဟောင်း ခေါင်းဆောင်သောတပ်ဟာ လူပေါင်း ၁၀၀၀၀ တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ သူဟာ၎င်းပြစ်မှုတွက် နိုင်ငံတကာ ခုံရုံးမှာ ရင်ဆိုင်ရပါမယ်။

သန်းရွှေ၊ မောင်အေး၊သိန်းစိန်၊မောင်သောင်းတို့ ဒီပဲယင်းလုပ်ကြံမှု။ တိုင်းရင်းသားရွာများအားမီးရှို့ ဖျက်ဆီးမှု၊ တိုင်းရင်းသူများအား အဓမပြုကျင့်မှု၊ ၂၀၀၇ မြို့ လယ်ကောင်မှာ ဘုန်းကြီးများအားရိုက်သတ်မှုတွေတွက် အလှည့် ကျမနွဲ့ ကြစတမ်းပေါ့။

သတင်းအပြည့်စုံဖတ်ရန်  http://www.abc.net.au/news/stories/2011/05/27/3228544.htm?section=world

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ