
တစ်နေ့ တွင် ၄င်းမေမေကြီး (ရှေ့ ကွယ်) သို့ မဟုတ် အဖွါးကြီး (နောက်ကွယ်အခေါ်) သို့ မဟုတ် အမယ်ကြိုင်နှင့် သမီးမြေးတစ်စုတို့ သည်
ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးသို့ လှည့်လည်ကြည့်ရှုရင်း အိမ်မွေးတိရစ္ဆာန်များရောင်းသော ဆိုင်ရှေ့ သို့ အရောက် ကြက်တူရွေးတစ်ကောင်မှ လာပါ၊၀င်ပါ၊လိုတာရမယ်၊ Happy Ending ရမယ် ရှယ်ရမယ် ဟုခေါ်ပြောလေရာ စိတ်ဝင်တစားဖြင့် ဆိုင်ရှင်အားမေးကြည့်လေသည်။
မယ်ကြိုင်။ ။ ဒီကြက်တူရွေးက စကားတတ်လိုက်တာ ဘယ်လောက်လဲ
ဆိုင်ရှင်။ ။ သုံးသောင်းကျပ်ပါ။
မယ်ကြိုင်။ ။ ဟာ များလိုက်တာ
ဆိုင်ရှင်ကလဲ ပျာပျာသလဲဖြင့် မေမေကြီး လိုချင်ရင်တော့ အလကားယူသွားလေ။ ထိုအခါ အမယ်ကြိုင်မှ "အလကားဆိုရင်တော့ယူမယ်အေ့ သူ့ တွက်ကျွေးဖို့ အစာလေးပါအဆစ်ထည့်ပေးလိုက်။ ဟုတ်ပလား။"
ဆိုင်ရှင်ကဆက်လက်ပြီး "ဒါပေမဲ တခုတော့ ကြိုပြောပါရစေ၊ ဒီကြက်တူရွေးက အရင်ပိုင်ရှင်ဟောင်းက အနှိပ်ခန်း၊ ဇိမ်ခန်း၊ ကာရာအိုကေခန်းတွေ ဖွင့်ထားတော့ သူလဲ အဲဒီအခန်းတွေက ပေါက်ကရလေးဆယ်စကားပဲ တတ်တာ။ မယဉ်ကျေးဖူး" ဟုပြောလေသည်။
အမယ်ကြိုင်။ ။။ကိစ္စမရှိပါဖူး မ'တစ်ထောင်သားတွေကိုတပ်ထဲမှာ ငါတို့ ကသွန်သင်ဆုံးမနေတာခုအိမ် ကဟာကြီးတောင်ပင်စင်ယူပြီးပြီး ဒီကြက်တူရွေးလောက်တော့လွယ်လွယ်လေးပါ။
ဒီလိုနဲ့ အမယ်ကြိုင်လဲ ကြက်တူရွေးကို နေပြည်တော်ယူပြန်ပြီး အိမ်ရှေ့ မှာထားလိုက်လေသည်။ ထို့ နှင့်အမယ်ကြိုင်အိမ်သို့ လာရောက်ခစားတော်မူကြကုန်သော မူးကြီးမတ်ကြီး၊ အရာကြီး၊ အရာခံများအား နေ့စဉ်ကြက်တူရွေးမှ "လာပါ၊ ၀င်ပါ၊ ဧည့်သည်လာတယ်။ ရိုးရိုးလား၊ ရှယ်ချင်သလား၊ happy ending ရမယ်" ဟုပြောလေသည်။ အများက မေးတော့ အမယ်ကြိုင်ကလဲပြန်ရှင်းပြ၊ ဒီကြက်တူရွေးက အရင်ပိုင်ရှင်က အနှိပ်ခန်း ကာရာအိုကေခန်းပိုင်ရှင်ဆိုတော့ ဒီလိုစကားတွေပဲတတ်တာ။ ငါ့လက်ထဲမှ ပြန်ပြင်ပေးမယ်ဟုပြော။ လာသမျှလူတွေကလဲ အမယ်ကြိုင့် ကြက်တူရွေးက စကားတော်တယ် တတ်တယ်နှင့်မြှောက်ပင့်ချီးကြူးကြနှင့်။ ရယ်မောစွာဖြင့်။
ဒီလိုနဲ့ တစ်နေ့ မတော့ထုံးစံတိုင်း မြန်မာပြည် ရဲမင်းကြီး မှအမယ်ကြိုင်အိမ်သို့  လက်ဆောင်ပဏ္ဏာဆက်သရန် အခစားရောက်ရှိလာတယ်။ ရောက်လျှင်ရောက်ခြင်း အမယ်ကြိုင့်ကြက်တူရွေးမှ လှမ်းပြောလိုက်သည်
"ရဲမင်းကြီး မလာတာကြာပြီး နေကောင်းလား၊ ဒီနေ့ အသစ်ကလေးရှိတယ်" ဟူသတည်း။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက်။ ။ ဟသ သည် ရယ်ရန်တွက်ဖြစ်သည်။ အမှန်မဟုတ်ပါ။ သို့ သော်အကြောင်းတိုက်ဆိုင်မှုရှိက ၀န်တာမိတောင်းပန်၏၊ ရေးသားသူ - OB (Objective- Burma)
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ