Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 31, 2011

သန်းရွှေပင်စင်အမှန်တကယ်ယူပြီးဟု ဌေးဦးမှပြော

ကြံ့ဖွတ်အတွင်းရေးမှုးဌေးဦးမှ သန်းရွှေအမှန်တကယ် နာယက အဖြစ်မှ ပြုတ်သွားပြီးဖြစ်ကြောင်း ပြောကြား သည်ဟုပြည်တွင်းသတင်းများမှသိရပါသည်။ ဌေးဦးမှ
"နာယက ဆိုတာ မရှိတော့ဘူးလေ။ အရင်တုန်းက နာယကကြီး ဆိုတာ လည်း ဗိုလ်ချုပ်မှူးကြီးပဲလေ။ နာယကအဖွဲ့ဝင် တွေ ဆိုတာကလည်း နယက အဖွဲ့ဝင်တွေပဲ။ အခု အဲဒါက ရှိမှမရှိတော့တာ။ သူ လည်း နားနေတာပဲ။ ရာထူး အနေနဲ့ရော တာဝန် အနေနဲ့ရော သူ မလုပ်တော့ ဘူး။ တကယ့်ကို အနားယူသွား တယ်" ဟုပြောသည်ဟုသိရပါသည်။

ကြံ့ဖွတ်အဖွဲ့ အားဗဟိုအလုပ်အမှုဆောင်အဖွဲ့  ၁၇ ဦးမှဆက်လက်ထိန်းချုပ်ထားသည်ဟုသိရပါသည်။ ထို ၁၇ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။ သို့ သော် မြန်မာထုံးစံအတိုင်း သက်ကြီးပြင်ပအကြံပေး (အမိန့်ပေး) အဖြစ်ဆက်လက်တည်ရှိနိုင်သေးကြောင်း ခန့်မှန်းရပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ