Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jun 27, 2011

မန္တလေးမြို့မှ တရုတ်တော်လှန်ရေးဖြစ်ပြီလား

 မန္တလေးမြို့မှ မြန်မာတိုင်းရင်းသားများ နှင့် တရုတ်နွယ်ဖွါး အရင်းရှင်တစ်စုနှင့် ကျောက်အရောင်းအ၀ယ် မတည့်မှုအပေါ် အငြင်းပွားရာမှ စစ်အစိုးရလက်ဝေခံ သိန်းစိန် အုပ်ချုပ်မှုခံ ရဲများ၏ တရုတ် လူမျိုးများ အပေါ်မျက်နှာပေးဆက်ဆံမှုကို မခံနိုင်သော မျိုးချစ်မြန်မာတိုင်းရင်းသား နှင့် အဓိကရုဏ်းဖြစ်ပွါးခဲ့သည်။

မန္တလေးမြို့တွင် တရုတ်လူမျိုးများသည် စစ်တပ်အာဏာပိုင်များနှင့် ပေါင်းပြီး စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများတွင် တစ၊ တစ သိမ်းပိုက်နေ နေရာယူလာသည်ကို မြန်မာတိုင်းရင်းသား အများစုမှာ ကြိမ်မီးအုံးသကဲ့သို့  ဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီးဖြစ်သည်။

ရာပေါင်းများစွာသော မြန်မာတိုင်းရင်းသားများ သည် ကမ္ဘာမကျေသီချင်းသီဆိုပြီး ဇာတိမာန် တက်ကြွသော ကြွေးကြော်သံဖြင့် တရုတ်များကို ယနေ့ ၀ိုင်းဝန်းတိုက်ခိုက်ကြသည်။ တရုတ်ပိုင်ဆိုင်ခန်းအချို့ ကိုလဲ ဖျက်ဆီးလိုက်ကြသည်။

စစ်တပ်အာဏာပိုင်များအနေနှင့် တရုတ်အားပေးဆက်လက်လုပ်နေလျှင် တရုတ်၊ မြန်မာအဓိကရုဏ်းမှသည် တရုတ်တော်လှန်ရေးထိဆက်လက်ဖြစ်ပွါးနိုင်ကြောင်း။ ထို့ ကြောင့် တရုတ်အားပေးနှင့် လဒ်ပေးလဒ်ယူကိစ္စများကို ရပ်တန်းကရပ်ရန် အကြံပြုလိုက်သည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ