Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jun 28, 2011

Libya ခေါင်းဆောင် ကဒါဖီကို ဖမ်ဝရမ်းထုတ်

လစ်ဗျားစစ်ဗိုလ်ချုပ်ခေါင်းဆောင် ကဒါဖီ နှင့် ထောက်လှမ်းရေးကို ကြိုးကိုင်သူ ကဒါဖီ၏သား အား ယမန်နေ့က နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ပါ သည်။ သူဟာ မိမိတိုင်းပြည်တွင်းမှာ မိမိပြည်သူတွေကို သတ်ဖြတ်မှုကြူးလွန်ခဲ့ကြောင်းသက် သေ အခိုင်လုံရှိမှုကြောင့်ဖမ်းဝရမ်းထုတ် ရခြင်းဖြစ်ပြီး နေတိုးအဖွဲ့ မှ လက်ရောက်ဝင်ဖမ်းမည်လား သို့ မဟုတ် ဘယ်ပုံ ဘယ်လိုဝင်ဖမ်းမည်ကို မသိရှိရသေးပါ။ အများမှ သုံးသပ်နေသည်မှာ ကဒါဖီ သည် အဖမ်းခံမည့် အစား မိမိကိုယ် မိမိ အဆုံးစီရင် နိုင်သည်ဟု သုံးသပ်နေကြပါသည်။

လွန်ခဲ့သော ၃ရက်ခန့်မှလဲ သြစတေးလျနိုင်ငံ ပါ့သ် မြို့ တွင် ကျောင်းတက်နေသော လစ်ဗျားကျောင်းသား တစ်ဦးသည် ကဒါဖီ၏သူလျှိုဟုယူဆရသူ တစ်ဦး၏သတ်ဖြတ်မှုကိုခံလိုက်ရသည် ဟုသြစတေးလျ သတင်းများက ဖေါ်ပြသွားပါသည်။

 နှစ်ပေါင်း များစွာ မိမိပြည်သူအားနှိပ်စက်ခဲ့သောမြန်မာ စစ်အာဏာရှင်တို့ အားလဲ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးသို့ တွန်းပို့နိုင်ရန် ၀ိုင်းဝန်းကြိုးပမ်းသင့်ပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ