Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jul 20, 2011

မြန်မာဘုရင်အဆက်ဆက် ယနေ့ အစိုးရထိတိုင်အောင် မျိုးမပြောက်အောင်ထိန်းသိန်းခဲ့သော သတ္တ၀ါတမျိုး

မလေးရှားမှရှားပါးဖား
တခါက မလေးရှားနိုင်ငံတက္ကသိုလ်တစ်ခုတွင် ပညာသင်နေသော တက္ကသိုလ်ကျောင်းသားနှစ်ဦးစကားစမည်ပြောနေကြရင်း ကြွားဝါခြင်းအကြောင်းသို့ ရောက်ရှိသွားလေသည်။

မလေးရှားကျောင်းသား။ ။ ငါတို့ မလေးရှားသဘာဝပတ်ဝန်းကျင် လေ့လာရေး ပညာရှင်များက လွန်ခဲ့သော အနှစ် ၉၀ ခန့်က ပျောက်ဆုံးသွားသော မလေးရှား ဘော်နီယော တောနက်ထဲက မှရောင်စုံ ခြေတံသွယ် ဖားမျိုးစိတ် တစ်မျိုးကို အန်ဒရာနေးလ်ဒက်စ် ဦးဆောင်တဲ့မလေးရှားသုတေသန အဖွဲ့ က ပြန်ရှာတွေ့ ခဲ့ပြီးကွ။ ငါတို့ ဆီကပညာရှင်တွေ ရဲ့ လုပ်ရပ် ဂုဏ်ယူစရာပါကွာ။

ထိုအခါမြန်မာကျောင်းသားလဲ အားကျမခံ ပြန်ပြောလိုက်သည်။

 မြန်မာကျောင်းသား။  ။ မင်းတို့ က လွန်ခဲ့တဲ့ နှစ်ကိုးဆယ်ကဖားကို ပြန်တွေ့ တာများ လာပြီး ကြွားနေတယ် ငါတို့ မြန်မာပြည်က လူတွေက လွန်ခဲ့တဲ့ နှစ် ၅၀၀ ကျော် လောက်ထဲကဖားတမျိုးကို   မြန်မာဘုရင်အ ဆက် ဆက် ဒီနေ့ အစိုးရထိတိုင်အောင် မျိုးမပြောက်အောင်ထိန်းသိမ်းခဲ့တာကွ။

မလေးကျောင်းသား ပါး စပ်ဟောင်းလောင်းဖြင့်နားထောင်နေပြီး

"'ဒါနဲ့ မင်းတို့မြန်မာဘုရင်မင်းအဆက်ဆက် ခုအစိုးရထိ ထိန်းသိမ်းစောက်ရှောက်ခဲ့ တဲ့ ဖားတွေရဲံ့ ထူးခြား မှုလေးပြောပါဦးကွ"


မြန်မာကျောင်းသားကလဲ အားပါးတရ။

"အဲဒီဖားတွေ ကခုဆို ခေါင်းပေါင်းပေါင်းတယ်။ ပုဆိုးစိမ်းဝတ်တယ်။ ပုဝါစိမ်းခြုံတယ်။ အပေါ်ကို ကြည့်ရင် လက်အုပ် ချီပြီးခေါင်းညှိပ်တယ်။ အောက်ကိုကြည့်ရင်နှာခေါင်းရှုပ် ပြီး မျက်မှောင်ကြုပ်တယ်၊
တန်းတူကြည့်ရင်တော့ ဂုံးတိုက်တယ်။ သောက်တင်းတုပ်တယ်ကွ"

2 comments:

  1. AnonymousJuly 20, 2011

    စိတ်ကူးကောင်းတယ်

    ReplyDelete
  2. AnonymousJuly 29, 2011

    သိပ်ကောင်းတယ်။ မှန်တယ်။ သွေးထွက်အောင်မှန်တယ်။

    ReplyDelete

ဝေဖန်ရေးတွက်နေရာ