Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Aug 20, 2011

ပြန်ကြားရေး ၀န်ကြီးဦးကျော်ဆန်းသို့ 

ပြန်ကြားရေးဝန်ကြီးခင်ဗျား

ပြီးခဲ့သော သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးမှ ကျုပ်ကို ကပ်သီးကပ်သတ်တွေ သိပ်မမေးပါနဲ့ လို့ ပြောသွားတာ သတိထားမိပါသည်။ သို့ သော် ပြည်သူတွေ အရမ်းသိချင်နေတဲ့ ကိစ္စကိုတော့ အများသိအောင် ၀န်ကြီး တရားဝင်ဖြေရှင်းပေးသင့်ပါသည်။

ယနေ့ ပြည်သူတွေ ဒွိဟဖြစ်နေတာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေဟာ ဦးသိန်းစိန်အစိုးရ၏နောက်ကွယ်တွင် ကြိုးကိုချယ်လှယ်နေသည်ဟု သတင်းထွက်နေပါသည်။ လူကြီးမင်းတို့ ၏လက်ရှိအစိုးရအသစ်တွင် ဗိုလ်ချုပ်သန်းရွှေ၏အရေးပါမှု ဘယ်လောက်ထိရှိသေးပါလည်းဆိုတာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း တရားဝင် ပြည်သူသိအောင် ဖြေရှင်းပေးပါ။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ