Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Aug 28, 2011

ရုရှားမှလဲအားကျမခံ


ယခင်အပတ်မှ အမေရိကန်မှ တနာရီကီလို မီတာ နှစ်သောင်းနှုန်း ပျံသန်းနိုင်သော စစ်လေယဉ်ကို စမ်းသပ်အပြီး ယမန်နေ့မှ ရုရှားနိုင်ငံမှလည်း ကီလိုမီတာ ရှစ်ထောင်အကွာထိ အနုမြူ ထိပ်ဖူးတပ် ပစ်လွှတ်နိုင်သည့် Bulava intercontinental missile ဒုံးကျဉ်ကို Yury Dolgoruky ရေငုတ်သဘောင်္မှတဆင့် ပိစ္စဖိတ် သမုဒ္ဒရာတွင်း သို့ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်လိုက်သည်။ ယခင်တကြိမ် ဇွန်လ ၂၈ ရက်တွင် စမ်းသပ်ခဲ့သော်လည်း ကောင်းကင်တွင်ပေါက်ကွဲသွားပြီးမအောင်မြင် ပဲ နော်ဝေနိုင်ငံပေါ်တွင် မီးခိုးလုံးကြီးတိမ် တိုက်ကြီးများပေါ် လာပြီး နော်ဝေးမှ လူများမှ UFO အဖြစ်အထင်မှားခဲ့ဖူးသည်။ ယခုအကြိမ်စမ်းသပ်ရာတွင် မတော့ အောင်မြင် ပြီး ပစ်မှတ်ကို ထိမှန်သည်ဟု ကြေငြာသွားသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ