Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Aug 13, 2011

ဝန်ကြီးများ ဖိုးသင်းမျောက် မဖြစ်ကြပါစေနှင့်



မြန်မာပြည် လွတ်လပ်ရေး ရအပြီးချိန်ကာလ အောက်မြန်မာပြည်တလွှားတွင် အရပ်ပွဲ ဇတ်ပွဲ ဘုရားပွဲ များတွင် မျောက်ပွဲ များအခကြေးငွေ ယူ၍ပြလေ့ ရှိကြသည်။ မျောက်များကို မြန်မာ့ဇတ်သဘင် မင်းသားအက များ လို သင်ပေး (Training) ပေးပြီး ကခါးကြိုးချည်ကခိုင်းခြင်းပင်။ အဲလို အရပ်ထဲ မှာ ကိုဖိုးသင်းဆို သူလဲမှာလဲ မျောက် တစ်ကောင် မွေးထားလေသည်။  သူ့ မျောက်ကို သင်ပေး (Training) ပေးပြီး ကခိုင်းဖို့ ရန် ကြိုးပမ်းပါတော့သည်။

အိမ်တွင်း ခြံတွင်းမှာ ကို ဖိုးသင်းလဲ မျောက်ကို အကသင် ရင် အချိန်တော်ကြာလေသည်နှင့် မျောက်လဲ အတော်တန် အမိန့် နာခံပြီး ကတတ်လာသည်။ သို့ နှင့်ကို ဖိုးသင်းလဲ အချိန်တန်ပြီး ဆိုပြီး အရပ်ပွဲ ဇတ်ပွဲ များမှာ မျောက်ကပွဲ ပြပြီး ပိုက်ဆံရှာရန် လုပ်ပါတော့သည်။

ဒီလို နှင့်အရပ်ပွဲ မှာ စကတဲ့ နေ့မှာပဲ ကိုဖိုးသင်းက သူ့ မျောက်ကို င်္အကျီဝတ်ပေး ခါးကြိုးချည် ပွဲ ဈေးတန်းထဲ ဖျာခင်းပြီး မျောက်ကပွဲ လုပ်ပါတော့သည်။ သို့ သော် ကိုဖိုးသင်း၏ မျောက်မှာ အိမ်တွင် သင်ပေးတုန်းကွေးနေအောင် ကပြီး တကယ့် အရပ်ပွဲ လူရှေ့ ပွဲထုတ်ချိန်မတော့  မကပဲ ၄င်းကို ၀တ်ပေးထားသော င်္အကျီကို လှန်ပြီး ပရိသတ်ရှေ့ ဖင်ကုန်းပြတော့သည်။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် သို့ နှင့် အကြိမ်ပေါင်းများ စွာ ထိုသို့ ပြုလုပ်နေသောခါ ကိုဖိုးသင်းလဲ အရှက်ကို ဟက်တက်ကွဲ ခဲ့ရပါတော့သည်။

ထိုချိန်မှ စပြီး ရပ်ထဲ ရွာထဲတွင် လူကြီးများမှ ကလေးငယ်များ အိမ်တွင် စကားနားထောင်ပြီး ဟုတ်ကဲ့ လုပ်နေသလောက် အပြင်ထွက်သောအခါ လူရှေ့ တွင် မထေမဲ့ မြင်ပြုသောအခါ "ဟဲ့ ဖိုးသင်းမျောက်" "ဖိုးသင်းမျောက်လိုကောင်" ဟု သမုတ်ခံရပါတော့သည်။

ဝန်ကြီးများခင်ဗျား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံပြီး ဆွေးနွေးမှုများကို လက်တွဲအကောင် ထည်ဖေါ် ဆောင်မည်ဟု ကြေငြာချက် ထုတ်ပြန်သည့် တိုင်း အာဆီယံ ဥက္ကဌ အဖြစ်ရရှိအောင် အကြံဖန် ဟန်လုပ်ခြင်းမဟုတ်ပဲ တကယ် စေတနာမှန်ကြရန်နှင့် ဖိုးသင်းမျောက်လို မလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

နိုင်ငံရေး လှုပ်ရှားမှုကြောင့်အကျဉ်းကျခံနေရသော သူများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးချိန်တန်ပါပြီး။

Obejective - Burma

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ