Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Sep 2, 2011

ခွေးဇာတိနှင့် သာသနာဖျက် သိန်းစိန်အစိုးရလုပ်ရပ်

ရန်ကုန်မရမ်းကုန်းရှိ ဇမ္ဗူသီရိ ဗိမာန်တွင် မနေ့ညဟောရန်စီစဉ်ထားသော ရွှေည၀ါဆရာတော်၏ တရားပွဲကို သိန်းစိန်အစိုးရအဖွဲ့ မှ ပိတ်ပင်တားမြစ်လိုက်သည်။ မည်သည့်အကြောင်းကြောင့် ပိတ်သည်ဖြစ်စေ ဗုဒ္ဓဘာသာ တိုင်းပြည်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဟောမည့်တရားပွဲကို ပိတ်ပင်ခြင်းဟာ သာသနာဖျက် လုပ်ရပ် ပဲဖြစ်သည်။

ဒါကြောင့်သိန်းစိန်အစိုးရသည် သာသနာဖျက်အစိုးရတရပ်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ခွေးတစ်ကောင်၏ အမြီးသည် ဘယ်လိုပင် ကျဉ်ထောင့်စွပ်ဖြောင့်စေသော်လည်း နဂိုမှ ခွေးဇာတိအတိုင်း ပြန်ပြန်ကောက်လေ့ရှိ သကဲ့ သို့ သိန်းစိန်အစိုးရသည်လဲ နာမည်ဘယ်လိုပြောင်းပြောင်း ခွေး၏ဇာတိမှန်တို့ အတိုင်းအကျင့်က ပျောက် ရိုးထုံးစံမရှိဖြစ်နေသကဲ့သို့ ပင် ဖြစ်လေသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ