Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Sep 27, 2011

နေပြည်တော် မှသူများသို့

မြန်မာနိုင်ငံမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (International Amnesty Organisation) အဖွဲ့ ခွဲ ဖွဲ့ ခွင့်ပေးရမည်။ လွတ်လပ်စွာ လှုပ်ရှား သွားလာ စည်းရုံးခွင့်ပေးရမည်။ ဒီအချက်တွေ မရရှိမချင်း ယခု အစိုးရဖွဲ့ စည်းသည့် လူ့ အခွင့်ရေး ကော်မတီသည် ညာစားအဖွဲ့  သာဖြစ်သည်။

ရွေးကောက်တင်မြှောက်ခံရခြင်းမဟုတ်သော ၂၅% ရာနှုန်းသော စစ်ဖက်မှ လွှတ်တော် တွင်း နေရာယူနေသော အမတ်များရှိနေသမျှ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ရှိပြီး ဟုမယူဆနိုင်သေးပါ။

ဒီမိုကရေစီစံနစ်ဆိုသည်မှာ =  ပြည်သူများမှ မိမိသဘောအရ ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ပြီး မိမိတို့ ၏ဆန္ဒကို တင်ပြ ပြီး လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ပြီး နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် တို့ ကို ဥပဒေရေးဆွဲ ပြဌာန်းခြင်း စံနစ်။

စစ်တပ်ရဲ့ အခန်းဟာ ကာကွယ်ရေး ၀န်ကြီးရဲ့ လက်အောက်မှာရှိရမှာ ဖြစ်တယ် ဗိုလ်ချုပ်မှုးကြီး ရဲ့ လက်အောက် မှာ စစ်တပ်သည် ရုပ်သေးရုပ် မဖြစ်စေရ။ ကာကွယ်ရေးဝန်ကြီးဆို တာ ပြည်သူကရွေးကောက် တင်မြှောက်သော လွှတ်တော်အမတ်များထဲမှ ဖြစ်ရမည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ