ဟိုးရှေးရှေးတုန်းကပေါ့ဗျာ (အခုမဟုတ်ဖူး)။ ပြည်မသိတော့ဗာရာ ဆိုသလို ဗာရာဏသီပြည်ဝယ် (မင်းမသိတော့ ဗြမ္မဒတ်မင်း) အဲဒီမင်းကြီးအုပ်စိုးတဲ့ တိုင်းပြည်ဝယ် သမ္မတကြီး ဒိသာပါမောက္ခဆိုတာ လွန်စွာ ဘောမနောကောင်းပြီး အမြဲပြုံးဖြီးဖြီး ဖြစ်နေလေ့ ရှိသတဲ့ ။ တပည့်တပန်းလဲ အလွန်များပြီး ဖိနပ်တိုက်ပေးသူများ အ၀တ်လျှော်ပေးသူများလည်း လွန်စွာများဆိုပဲ။ သို့ ကလို နဲ့ တစ်နေ့ သမ္မတကြီး ဒိသာပါမေက္ခဟာ နေရာဒေသ ၀န်းကျင် ကကြည်ညိုသူတွေ ပေါသလို ပညာရှိကြီးဖြစ်လေတော့  သူ့ နေအိမ်နား နေ သိုးထိန်းသည်တစ်ဦးက လာရောက်ပြီး အကြံညာဏ်တောင်းသတဲ့ 
သမ္မတကြီးဒိသာပါမေက္ခခင်ဗျား ကျွန်တော့ အိမ်မှာ သိုးကငါးကောင်နဲ့ မိသားစုကငါးယောက်အိမ်ကကျဉ်း ကျဉ်းလေး သိုးတွေ ကောမိသားစုပါ ဒီအိမ်ကျဉ်းကျဉ်းလေးမှာ ပြွတ်သိပ်ပြီး အိပ်နေရတာ နေ့ စဉ်နေ့ တိုင်း စိတ်လက်မချမ်းသာနဲ့ မိသားစုများလဲ ကျဉ်းကျပ်ပြီး ဒုက္ခများလှပါတယ်။ အဲ ဒါဘယ်လို လုပ်ရမလဲ အကြံညာဏ်လေး ပေးပါဗျာ ဆိုသတဲ့ .
သို့ ကလိုနဲ့ သမ္မတကြီး ဒိသာပါမောက္ခလဲ " ကဲဒါဆိုလဲ မင်းတို့  ခြံထဲမှာ လွှတ်ထားတဲ့ ကြက်တွေကိုပါ အိမ်ထဲ ထည့်ပြီး အိပ်ကြည့်လိုက်လေ အားလုံးကောင်းသွားမှာပါ။ တစ်ပတ်ကြာမှာ ငါ့ဆီပြန်လာခဲ့ " ဆိုသတဲ့ ။
ဒါနဲ့ သိုးထိန်းသည်လဲ အိမ်ပြန်သွား သမ္မတကြီး ဦးဒိသာပါမောက္ခ အကြံပေးတော်မူတဲ့ တိုင်း ခြံရှိ ကြက်တွေကို ပါအိမ်ထဲ ခေါ်အိပ်လိုက်တယ်။ နဂိုကမှ သိုးတွေ ၀င်ဝင်အိပ်လို့ ကျဉ်းကျပ်ရတဲ့အထဲ ကြက်တွေ ကိုပါ အိမ်ထဲခေါ် ထည့်ထားတော့ ပိုဆိုးတော့တာပေါ့ ကလေးတွေက ငို။ မိန်းမကငြိုငြင်၊ ယောက္ခမ ပူညံပူညံလုပ် အိပ်မရ၊ စားမရ အခြေနေပိုဆိုး လာတာပေါ့ ဒါနဲ့ တစ်ပတ်လောက်အကြာ သိုးထိန်းသည် ကလဲ သမ္မတကြီး ဦးဒိသာပါမောက္ခဆီပြန်လာတာပေါ့ ။
သမ္မတကြီးက "ဘယ်လိုလဲ အားလုံးကောင်းသွားပြီလား'
သိုးထိန်းသည်ကလဲ " သမ္မတကြီး ဦးဒိသာပါမောက္ခရယ် ခုမှပိုဆိုးလာတယ်ဗျာလုပ်ပါဦး။
သမ္မတကြီးကလဲ "ဟုတ်ပြီး ဒါဆို ထည့်ထားတဲ့ ကြက်တွေကို ခုပြန်ထုတ်လိုက်တော့ အရင်တိုင်း သိုးငါးကောင်နဲ့ ပဲ အိမ်ထဲ ပြန်နေကြလို့ အကြံပေးပြန်သတဲ့ 
ဒီလိုနဲ့ သိုးထိန်းသည်လဲ သမ္မတကြီး ပြောတဲ့တိုင်း ယခင်အိမ်ထဲ ထည့်ထားတဲ့ ကြက်တွေကို ပြန်ထုတ်လိုက် သတဲ့ ။ ထိုညမှာပဲ သိုးထိန်းသည် မိသားစုလဲ နေသာထိုင်သာနဲ့ ဟုတ်တုတ်တုတ်ရှိသွားပြီး သမ္မတကြီး တော်လိုက်ပုံများ ကွာ သူ့ အကြံညာဏ်က ကွက်တိပဲ၊သိုးတွေနဲ့ ပြည့်လို့ နေရခက်လို့ ခြံထဲက ကြက်တွေ ကို အရင်အိမ်ထဲ ထည့်အိပ် ခုတခါ ပြန်ထုတ်လွှတ်၊ ကဲ ခုမှပဲ နဲနဲ နေသာထိုင်သာ ရှိသွားတော့တယ်။ သမ္မတကြီး ဒိသာပါ မောက္ခကျေးဇူးတော်ကြီးမားလှပါပဲ ဟုဆိုလိုက်လေသတည်း။
+++++++++++++++++++++++++++++++++++++++++++++++++
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ