"အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့
နိုင်ငံတ၀ှမ်း အကျဉ်းထောင်တွေထဲက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ဦးရေ
၂၀၀ နီးပါး ပါလာပြီးတဲ့နောက် အကျဉ်းထောင်တွင်းကြုံကြရတဲ့
အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီးစဉ်ကာလတွေက
စစ်ကြောရေးစခန်းတွေမှာ ကြုံရတဲ့အခြေအနေတွေကို လွတ်လာတဲ့
နိုင်ငံရေးအကျဉ်းသားတချို့က ပြောပြနေကြတာပါ။ ဒီ အချက်အလက်တွေဟာ
ခိုင်ခိုင်မာမာရှိတယ်ဆိုရင် ဒီအချက်အလက်တွေကို စုဆောင်းပြီး ဟန့်တားဖို့
အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက
ပြောပါတယ်။ "
---------------
အဲတော့ ယခုလွတ်လာတဲ့ သူတွေထဲကနေ စုပေါင်းပြီး မိမိတို့ ကို မတရားညှင်းပမ်းနှိပ်စက်မှုလုပ်ခဲ့ တဲ့ သူ များကို ပြန်လည်တရားစွဲဆို ပြီး ထိုက်သင့်သော လျှော်ကြေးတောင်းခံသင့်ပါသည်။ ဒါမှ နောက်နောင် ဒီလို အဖြစ်ဆိုးမျိုးမကြုံနိုင်အောင် တာဝန်ရှိသူတွေ အနေနှင့် နားလည်နိုင်ရန်။
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ