Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Oct 4, 2011

သြစတေးလျှပါလီမန်မှ မြန်မာပြည်အကြောင်းမေးမြန်းချက်

နိုင်ငံခြားရေး ၀န်ကြိး မှပြန်လည်ရောက်ရှိပြီး  ပြန်လည်ဖြေကြားစဉ်။ သူက သမ္မတဦးသိန်းစိန် ကို ပြောခဲ့တယ်၊ ပထမဆုံးလုပ်သင့်တာက  နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါ။ ဒါဆို နိုင်ငံတကာ ရဲ့ တုန့် ပြန်မှုဟာလဲ ချက်ခြင်းပဲ ပြောင်းလဲလာ လိမ့်မယ်ဟုပြောသွား သည်။ ပြီးအခြားသော နိုင်ငံရေး လှုပ်ရှားမှုများကိုလဲ လွတ် လပ် ခွင့် ပေး ရမည်။ မြန်မာပြည်ဟာ အာရှတိုက်မှာ အဆင်းရဲဆုံး တိုင်း ပြည်ဖြစ်နေပါတယ်။ ဒီဆင်းရဲ မှုပပျောက်အောင်နှင့်အစားစာနှင့်ဆေးဝါး စိုက်ပျိုးရေးလုပ်ငန်းများတွက်လဲ သြစတေးလျှနိုင်ငံဟာ ဗြိတိန်နို င် ငံပြီးရင် ဒုတိယ အကြီးဆုံးသော အလှုရှင်ဖြစ်ပါတယ်။ မြန်မာနိုင်ရဲ့ လူဦးရေ ၂၅% ကျော်ဟာ ဆင်းရဲမှုဆိုတာထက် နိမ့် ကျတဲ့ ဘ ၀မှာ နေနေကြရတယ်။ ငါတို့ သြစတေးလျလဲ တတ်နိုင်သလောက်ကူညီနေတာပဲ။ အောင်ဆန်းစုကြည်က လဲ သြစတေးလျ ပါလီမန်မှ အမတ်များအားလုံးကိုစကား မှာကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ထဲ က မြန်မာနို င်ငံအပေါ် ကူညီမှုများကို ကျေးဇူးတင်ကြောင်း။
××××××××××××××××
 ကျွန်တော်တို့ ကလေဲ မေးချင်တယ် ဦးသိန်းစိန်ကို န၀တ၊ နအဖ လက်ထက်ထဲက တရုတ်က မြန်မာပြည်သူကို တစ်နှစ် ဘယ်နှစ်ပြားများလှုနေလဲ သိချင်ပါတယ်?? သမ္မတကြီး ဖြေပေးပါ။ ဗိုလ်ချုပ်တွေကိုတော့လှုတာသိတယ်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ