Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Nov 3, 2011

မြန်မာ အစိုးရစစ်ရဟတ်ယဉ် ကမ္ဘောဒီးယား ရေဘေးကူညီနေ

ယနေ့ ကြာသပတေးနေ့ တွင်  ကမ္ဘောဒီးယားရှိရေဘေးသင့် ပြည်သူများတွက်
သောက်ရေနှင့်ခေါက် ဆွဲခြောက် အစားအစာများ အစရှိသည့် ရေဘေးကူညီရေးပစ္စည်းများ တန်ချိန် ၈တန်ခန့် မြန်မာစစ်ရဟတ်ယဉ်မှ ချပေးခဲ့သည်ဟုသိရပါသည်။

သူတပါးဒုက္ခရောက်သည်ကို ကူညီခြင်းသည်ကောင်းမြတ်သော လုပ်ရပ်ဖြစ် သည့်အလျောက် ကောင်း ချီးပေးပါသည်။ ထို့ အတူ အခြားနိုင်ငံများသို့ သွားရောက် ပြသကူညီသကဲ့သို့  ပြည်တွင်းဒုက္ခသည်များကိုလဲ ကူညီမည်ဆိုလျှင်ပိုမို ကောင်းချီးပေးနိုင်ပါကြောင်းနှင့် တိုင်းရင်းသားဒေသ အပစ်ရပ်စဲပြီး ဆွေးနွေးညှိနှိုင်းမှုကို အမြန်ပြုလုပ်လျှင် အနာဂတ်တွက်ပိုမို အကျိုးဖြစ်မည်ဖြစ်ကြောင်းနေပြည်တော်မှ ဤဘလော့ကို ၀င်ကြည့်နေသူ များအား နှိုးဆော်လိုက်ပါသည်။

ထိုင်းနိုင်ငံမှ ပြန်လာသော ရေဘေးဒုက္ခသည်များကို ပိုက်ဆံမတရား ကောက်ခံနေသူများကို အရေးယူရန် နေပြည်တော်မှ အမိန့် တိုက်ရိုက်ထုတ်ခဲ့မှုတွက်လည်း ကျေးဇူးတင် မှတ်တမ်းတင်ကြောင်းနှင့် ထိုသို့ ပြုလုပ်သူကို ထိထိရောက်ရောက် အရေးယူရန် ပြုလုပ်ပေးရန်၊ အဓိကတရားခံကို ဖေါ်ထုတ်ပြီး ထိထိရောက် အပြစ်ပေးရန် ပန်ကြားလိုက်ချင်ပါသည်။

ပြည်သူမုန်းသော ဦးကျော်ဆန်းကို လဲ လူအများ အယုံကြည်မဲ့မှုကြောင့် ၀န်ကြီး ရာထူးမှ အနားပေးရန် အားလုံးကိုယ်စားတောင်းဆိုပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ