Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Nov 26, 2011

နအဖ လက်ထက် နှစ်ပေါင်းနှစ်ဆယ်တွင်း ဥပဒေမဲ့ အုပ်ချုပ်ကြောင်းဝန်ခံ

ယနေ့ အာဖက်အေ RFA မှ မေးမြန်းမှုကို ဖြေကြားသော ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေကြမ်းရေးဆွဲရေး ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုး အပြောအရ လက်ရှိနအဖ လက်ကျန် ဆယ်အိမ်၊ရာအိမ်ခေါင်းနှင့် ရယက အဖွဲ့ ဝင်များ နှင့် နောင် ရွေးကောက်ပွဲ နှင့်တက်လာမည် အုပ်ချုပ်ရေးမှုး လုပ်ပိုင်ခွင့် ကွာခြားမှုကို မေးမြန်းရာ

" “တော်တော်တော့ ကွဲပြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေမှာ တိတိကျကျ သတ်မှတ်ထားတဲ့ ဥပဒေမရှိပါဘူး။ မရှိတဲ့အတွက်ကြောင့်မိုလို့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေဟာ တိတိကျကျ ပြောလို့မရဘဲနဲ့ တကြောင်းတခါထ၊ တရွာတပုဒ်စမ်း ဆိုသလိုပဲ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီဥပဒေကို ပြဌာန်းပြီးတဲ့အခါကျရင်တော့ ဥပဒေနဲ့အညီပေါ့ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မိုလို့ စည်းကမ်းတကျ သတ်မှတ်ထားတာမျိုး ဖြစ်လာပါတယ်....""

ယခုအဆိုအရ ယခင် န၀တ၊ နအဖ လက်ထက် မှ အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်သည် ဥပဒေမဲ့ တနည်း မင်းမဲ့စားရိုက်ဆန်ဆန် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြောင်း ၀န်ခံ ခြင်းဟုယူဆပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ