Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Dec 16, 2011

တရုတ်ပြည်တွင် အကြီးကျယ်ဆန္ဒပြနေကြ ဒါကြောင့် ၀မ်ကျားပေါင် မြန်မာပြည်လာရန် ဆိုင်းငံ့

 

 တရုတ်အာဏာရှင်ကို တရုတ်လူထု ပြန်တော်လှန်နေကြပြီး
တရုတ်ပြည် တောင်ပိုင်း ဂွမ်တုံး ပြည်နယ်ရှိ ၀ူုကန်ကျေးရွာမှ တံငါရွာမှမြေများကို သိမ်းယူပြီး စက်မှုဇုံ တည်ဆောက် ရန် လုပ်နေမှု လယ်သမားများ ရွာသားများမိမိယာမြေများဆုံးရှုံးမှုတွက် ၄င်းတို့ ၏ ယာမြေများ ကို ကာကွယ်ရန် ဆန္ဒပြသူခေါင်းဆောင် အသက် ၄၂ နှစ်အရွယ်ရှိ ဇူဂျင်ဘို ဆိုသူအား ရဲမှဖမ်းချုပ်ထားပြီး   ရဲလက် ထဲတွင်သေဆုံးမှုကို မကျေနပ်ရာမှ ယနေ့ လူအုပ်ကြီးမှာ ပိုမိုကြီးထွားလာကာ တရုတ် လုံထိန်းများနှင့်ထိပ် တိုက်ရင်ဆိုင် မှုဖြစ်နေသည်။ ရွာသားများသည် ကျေးရွာအုပ်ချုပ်ရေးအစိုးရအဖွဲ့ ဝင်များကို မောင်းထုတ်ပြီး ရုံးကို သိမ်းလိုက်ကြသည်၊ ရွာရှိရဲ့စခန်းကိုလဲ ၀င်သိမ်းပြီး ရဲများကိုမောင်းထုတ်လိုက်ကြသည်။ ရွာကို ပတ်ပတ်လည် မည်သည့်တရုတ်အစိုးရတပ်များမှ ၀င်မလာနိုင်ရန် အကာအရံများဖြင့် ပိတ်လိုက်ကြသည်။ တရုတ်ရဲများမှ ပြင်ပမှ တဖန်ဝိုင်းပြီး ထပ်မံပိတ်ဆို့ ထားသည်။ တရုတ်ပြည်မအစိုးရမှ တိုက်ရိုက်၎င်းကိစ္စကိုဖြေ ရှင်းပေးရန် ရွာသားများ အကြီးကျယ်ဆန္ဒပြတောင်းဆိုနေကြသည်။ ထိုနယ်မြေတွင် အကောင်ထည်ဖေါ်ရန် ရည်ရွယ်ထားသော စီမံကိန်းကြီးကိုလဲ ရပ်တန့် လိုက်ရသည်။

တ ရုတ် ၀န်ကြီး ၀မ်ကြားပေါင်မှာ ထိုမြန် မာနိုင်ငံသို့ လာရန် ဒီဇင် ဘာ ၁၉ တွင် ရည်ရွယ်ထားသော်လည်း၊ ထိုတရုတ်ကျေးရွာသားများ ဆန္ဒပြမှု နှင့်ပြသနာများတက်နေသောကြောင့် ခရီးစဉ်ကိုဖျက်သိမ်းလိုက် သည်ဟု ယူဆရသည်။ ဒါပေမဲ တရုတ်ရဲ့ ကွန်မြှုနစ် အာဏာရှင်များထုံးစံတိုင်း ဘာဖြစ်လို့ ဆိုတာကို အကြောင်းမပြခဲ့ပေ။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ