ပြောပြန်ရင်လဲ ရွှေမန်းလွန်ရာကျဦးမယ်။ Yahoo Finance က နိုင်ငံတကာ ငွေလဲနှုန်းတွေကို နေ့ စဉ် up to date လုပ်ပြီး အချိန်နှင့်အမျှပြနေတယ်။ ယနေ့ သတင်းစာမှာလဲ နိုင်ငံတကာ မှ မြန်မာများ မြန်မာပြည်သို့ ဘဏ်များ မှတဆင့် ငွေလွဲနိုင်ပြီတဲ့ ။ ကဲ လွှဲချင်သူတွေ လွှဲကြပေတော့ ဟောဒီမှာ နိုင်ငံတကာ ဘဏ်တွေက သိထားတဲ့ မြန်မာကျပ်ငွေလဲနှုန်း အောက်ကပုံပါအတိုင်းပဲ။ ၂၄ ဒီဇင်ဘာ ၂၀၁၁ ရဲ့ တရားဝင်နှုန်းဖြစ်ပါသည်။ ဒီတိုင်းဆို မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံးပဲ လက်္ဘရည်တစ်ခွက်ကို ဒေါ်လာ ၅၀ ပေးပြီး သောက်ကြတယ်။ သမ္မတကြီးလစာဆို တစ်လ US$ ခုနှစ်သိန်းခွဲ။
ဘယ်သူ့ မှာတာဝန်ရှိလဲဆိုတာတော့ ကိုယ့်လူပြန်မေးကြည့်ကြပါ၊ ဘဏ္ဍာရေးဝန်ကြီးဌနတို့ ။ ပြန်ကြားရေးဆို တဲ့ ဝန်ကြီးလဲ ဘာတွေ များ ပြန်ကြားနေပါလိမ့်။ မေးစရာတွေ တစ်ပုံကြီး။
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ