စက္ကန့် နှင့်အမျှတိုးတက်နေတဲ့ ကမ္ဘာကြီးနှင့် မြန်မာနိုင်ငံဟာ နောက်ကနေ ပြေးမလိုက်နိုင်ရလျှင် ကျောက်ခေတ်မှာ ကျန်ခဲ့မှာပဲ။ ဦးသိန်းစိန် အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်နှစ်ဆယ်နီးပါး လူထုနှင့် အဆက်သွယ်ဖြတ်ထားတယ်။ သို့ သော်လည်း လူထု ဖက်ကိုအမြဲ ရပ်တည်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူရဲ့ ရင်ထဲ ကထွက်မသွားခဲ့ဖူး။ အဓိကအချက်ကတော့ သူဟာ နံနက်မိုးလင်းလျင် ဒီနေ့ မြန်မာပြည်သူတွက် အကျိုးရှိတာ ငါဘာလုပ်ရမလဲ ဆိုတာကို အလျင်စဉ်းစားလို့ ပါပဲ။ ဒါကို ဦးသိန်းစိန်အစိုး ရအဖွဲ့ နည်းယူသင့်တယ်။
နောက်ဆုံးကြိမ် သတင်းစာရှင်းလင်းပွဲ မှာ ဦးသိန်းစိန်ရဲ့ ခံယူချက်ဖြစ်သော နိုင်ငံရေးအကျဉ်းသား များ နှင့်ပတ်သက်တော မှတ်ချက်ကို သိရှိပြီး ဦးသိန်းစိန်ကို ပြည်သူများ ယုံကြည်မှု လွန်စွာ လျော့ နည်းလာတာ သိသင့်သည်။ စစ်သားဟောင်း ယောကျာင်္း၇င့်မာကြီးလုပ်ပြီး ဂန်ဒူးလို စိတ်ဓါတ်နဲ့ မနာလို ၀န်တိုမှုတွေ နှင့် ဆက်လက်ပြီး ချုပ်ကိုင်ပြီး သမိုင်းကို နောက်ပြည်လှည့်ချင် ရင်တော့ တတိယအကြိမ်မြောက်လူထုပေါက်ကွဲမှု အရှိန်အဟုန်ဟာ ဘယ်သောခါမှ နှင့်မတူအောင် ကို ကြီးမားတဲ့ ဆုံးရှုံးမှုကို ဦးသိန်းစိန်အစိုးရအပါအ၀င် တတိုင်းပြည်လုံး ခံစားရတော့မယ်ဆိုတာကို နှစ်သစ်မှာ သစ်လွင်တဲ့ လုပ်ဆောင်ချက်ကို လုပ်ရမှာ ၀န်လေးတဲ့ ဦးသိန်းစိန် ကြံ့ဖွ့ံအစိုးရသိစေချင်တယ်။
လူထုဟာ ခင်ဗျားတို့ ဦးသိန်းစိန် အစိုးရထင်သလို ဘယ်တုံးကမှ မညံ့ဖူး။ မင်းကိုနိုင်နှင့်အဖွဲ့ ရဲ့ တိုက်တွန်းမှုကြောင့် လူထုအုံကြွတာမဟုတ်ဖူး။ လူထုကိုယ်တိုင်က တစ်ဦးချင်းစီမှာ ကိုယ်တိုင် ခံစားချက် နစ်နာချက်တွေရှိနေလို့ ဆိုတာ အစိုးရလုပ်နေတဲ့သူတွေ နားလည်သင့်တယ်။ အရင်ဆုံးဦးသိန်းစိန်အစိုးရလုပ်သင့်တာက သန့် ရှင်းအစိုးရဖြစ်ချင်ပါလျှင် အစိုးရအဖွဲ့ တွင်းမှာ သန့်ရှင်းရေးအလျင်လုပ်ပါ။ စိတ်ဓါတ်ညစ်ပတ်သူတွေကို အစိုးရအဖွဲ့ တွင်းက အလျှင်ဖယ်ရှားပစ်ပါ။ မိမိကိုယ်တိုင် ညစ်ပတ်နေပါလျှင် နှုတ်ထွက်ပေးပါ။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ