သတိပေးချက်။
တိုင်းရင်းသားတစ်ဦးမှ အင်တာနက်ပေါ်တွင် သတိပေးစာကို ပြန်လည်ဖေါ်ပြသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်း ပေါ်မလိုဖြစ်နေချိန်တွင် မိမိစားခွက်ပျောက်မှာ ကြောက်လန့် နေသော မြန်မာနိုင်ငံအား ကျွန်ဇတ်သွင်းချင်နေသော လူတစု မှ တိုင်းရင်းသားတွေနဲ. ဗမာတွေ သွေးကွဲစေမယ့် အတွေးအခေါ်တွေကို ဖော်ပြထားတဲ့ စာ (အတု) တစ်စောင်ကို သခင်ကိုယ်တော်မှိုင်းရဲ. သေတမ်းစာဆိုပြီး လိုက်ဖြန်.နေတဲ့ သူတချို. ရှိနေပါတယ်။ ကြံ့ဖွတ်အဖွဲ့ တွင်းမှ လူတချို့ (တဖွဲ့ လုံးကိုမဆိုလိုပါ) စဖြန့်သည်ဟုသိရပါသည်။ မိမိဆီရောက်လာလို. ဖတ်မိရင်ဆက်လက်ဖြန့် ဖြူးခြင်းမပြုကြပါရန် မေတ္တာရပ်ခံပါတယ်။ ဒီရက်ပိုင်းမှာ သာသနာကိုစော်ကားတဲ့ ဖြန့် ဖြူးမှုများကိုလဲ ထိုသူများနှင့် အပေါင်းပါများမှ ဖန်တည်းနေသည်ဟု ကြားသိရသည်။ အခြေအနေကို ရှုပ်ထွေးအောင် လမ်းကြောင်းပြောင်းအောင် ပြုလုပ်နေကြသူတွေ ရှိနေတယ်ဆိုတာ သတိထားပြီး သတင်းနဲ. ကောလဟလကို သေသေချာချာ ခွဲခြားဆန်းစစ်ကြပါရန်။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ