တိုင်းပြည်တိုးတက် ခေတ်မှီအောင် လုပ်ဆောင်ချင်သူဟာ အရင်ဆုံး မိမိစိတ်ကို တိုးတက်ခေတ်မှီအောင် ပြုပြင်သင့်သည်။
မိဘများအနေနှင့် မိမိတို့ သားသမီးများအား အတင်းကျပ်မိမိဖြစ်စေချင်သည်ကိုအ တင်းကျပ်လုပ်ခိုင်းခြင်းထက် ၄င်းတို့ ဖြစ်ချင်သည်ကို ကူညီပံ့ပိုး မှုပေးခြင်းဖြင့် မိမိတို့ သားသမီးများ အနာဂတ်လှပစေနိုင်သည်။ ထိုသို့ မဟုတ်လျှင် လမ်းတ၀က်တွင် မြင်းကောင်းခွာလိမ့် ဖြစ်တတ်သည်။
ထိုသို့ မိဘဆရာသမားများတို့ ရဲ့ မိမိတို့ ဖြစ်ချင်သည်ကိုသာ သားသမီးများကို အတင်းကျပ်ပုံသွင်း လုပ်ယူမှုများ ကြောင့် ထိုကဲ့ သို့ သော စားရိုက်လက္ခဏာများ မြန်မာလူမှုတွင်းတွင် မျိုးဆက်အလိုက် အရိုးစွဲကာ အုပ်ချုပ်မှုအာဏာရရှိလာသူများမှလဲ ထိုစားရိုက်လက္ခဏာများအောက်တွင် ကြီးပြင်းလာခဲ့သောကြောင့် အာဏာရလာသောအခါ တိုင်း ပြည်ကို၎င်း။ လူထုကို၎င်း ပုံသွင်းအုပ်ချုပ်ရန်သာ ကျင့်ကြံသောကြောင့် မြန်မာပြည် နှစ်၆၀ လောက် နောက် ကမ္ဘာပေါ်တွင် နောက်ကောက်ကျကျန်ခဲ့ ပြီး အရှေ့ တောင်အာရှအချမ်းသာဆုံးမှသည် ကမ္ဘာ့ အဆင်းရဲ အမွဲတေဆုံးဖြစ်ခဲ့ ရသည်ကို မြန်မာမိဘ များ အသိမြင် တိုးပြီး သင်ခန်းစာယူကြစေချင်ပါသည်။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ