Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Jan 31, 2012

၅၀၀၀ တန် SIM Card ရောင်းမယ်ဆိုရင်

၅၀၀၀ တန် တယ်လီဖုန်းကဒ် ရောင်းနိုင်လျှင် မြန်မာပြည် လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ ထဲက အနည်းဆုံး ၁၀% ဖြစ်တဲ့ ၆ သန်းလောက်က မိုဘိုင်းဖုန်းသုံးနိုင်ကြမှာပါ။ အဲတော့ အောက်ပါ အခြေခံ ၀င်ငွေကို ကြည့်မည်ဆိုလျင် မိုဘိုင်းဖုန်း SIM CARD ကို ၅၀၀၀ နှင့်ပြုလုပ်ရန်ဖြစ်နိုင်ပါသည်။ မြန်မာ့ဆက်သွယ်ရေးမှ တမင်ညစ်ပတ်ပြီး အခြားဗိုလ်ချုပ်ဟောင်းစီးပွါးရေးသမားများကို မျက်နှာလိုက်ပြီး ၄င်းတို့ အကျိုးစီးပွါးကို ကာကွယ်ရန် လုပ်မည့် သူက လုပ်ပေးမည်ကို ခွင့်မပြုခြင်းဖြစ်ကြောင်းထင်ရှားပါသည်။

 SIM CARDေ၇ာင်းလျင် ရရှိနိုင်သည့် ကနဦးငွေ
SIM Card တစ်ခု ၅၀၀၀ X သုံးစွဲသူ ၆ သန်း = ကျပ် သန်းသုံးထောင် 
= U$ 37 သန်းရမည်။ 

လစဉ်ဖုန်းခေါ်ဆိုခမှ ၀င်ငွေ ပျမ်းမျှ အနည်းဆုံး တစ်ယောက်လျှင် ကျပ်တစ်ထောင် သုံးသည်ဆိုပါစို့ 


ကျပ် ၁၀၀၀ X ဖုန်း ၆သန်း = ကျပ် သန်း ၆ထောင် = U$ 7 သန်းခွဲ တစ်လလျှင် အနည်းဆုံးဝင်ငွေရှိပါမည်။


ယခု မြန်မာ့ဆက်သွယ်ရေးနဲ့ ပေါင်းလုပ်နေသော လက်ရှိကုမ္ပဏီတို့ မှ လူဦးေ၇ သိန်းဂဏန်းလောက်သာကိုင်နီုင်တဲ့ ဈေးနှုန်းမြင့် ဖုန်းများကြောင့် ကုမ္ပဏီတွက် အကျိုးမြတ်နည်းသလို သုံးစွဲသူပြည်သူတွက်လဲ အကျိုးမရှိဖြစ်နေပါသည်။ သို့ သော် လက်ရှိ မိုဘိုင်းဖုန်းနှင့် အင်တာနက် ကို လက်ဝါးကြီးအုပ်လုပ်ကိုင်နေသော တေဇနှင့်ဦးသန်းရွှေ အမျိုးများ၏ Market Share (ဈေးကွက်ကို မျှပေးရခြင်း) ကြောင့် ၄င်းတို့ တွက် အကျိုးစီးပွါးဆုံးရှုံးမှုရှိနေသောကြောင့်သာ လုပ်သူက လုပ်ပေးမည် ဟုပြောသော်လည်း မြန်မာ့ဆက်သွယ်ရေးမှ ၀င်ရောက်နှောက်ယှက်နေသည်ဟုယူဆပါသည်။
မြန်မာ့ဆက်သွယ်ရေး အမှန်တကယ် ပြည်သူအကျိုးလိုလားလျှင်တိုင်းပြည်မျက်နှာ ကြည့်ပါ။



No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ