Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 3, 2011

အမှန်ကို မြင်တတ်ရဲပါစေ ဦးသိန်းစိန်


မိုနာလီဇာ အပြုံးနဲ့  သမတ္တ ကတုံးက ဘာပြောလဲဆို တော့

"စစ်တပ်ကို ကမ္ဘာ့အဆင့်မီတပ် ဖြစ်ထွန်းအောင် လုပ်ဆောင်ဖို့လိုကြောင်းနှင့် စစ်အင်အား တောင့်တင်းမှုမရှိလျှင် အခြားနိုင်ငံများ၏ အနိုင်ကျင့်မှု ခံရနိုင်ကြောင်း ဦးသိန်းစိန်က သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင်ပါရှိ"

ဦးသိန်းစိန် ခင်ဗျား၊ အဲဒီလိုတလွဲ ဆံပင် ကောင်းတွေကြောင့် ကျုပ်တို့ တိုင်းပြည်ကြီး မွဲ နေတာ။ အဲဒီစစ်တပ်ကို ကျောထောက်နောက်ခံ ကျွေးမွေးထားတဲ့ ကျုပ်တို့ ပြည်သူတွေက မွဲနေရင် ဘယ်လို
လုပ်ခင်ဗျားကြီး ရဲ တပ်ကို အားကောင်းအောင်လုပ်မှာလဲ။ ခင်ဗျားတို့ စစ်တပ်ကြီးကို လူမွေးလူရောင်ပြောင် အောင် ပြည်သူတွေရဲ နေ့စဉ်ချွေးနဲစာတွေထဲကနေ အခွန်အကောက်တွေနဲ့ တရားဝင်ကော မတရားပါ ရယူထားတဲ့ ငွေနဲ့ ဒီနေ့ မြန်မာ့တပ်မတော်ကြီး ရပ်တည်နေတာ မဟုတ်လား။ ပြည်သူမွဲတိုင်းပြည်မွဲ ဒါပေမဲ့ ခင်ဗျားတို့ အပေါ်ယံဗိုလ်ချုပ်တစ်စုသာ ကြီးပွါးနေတာ တကမ္ဘာလုံးမျက်မြင်ပဲ။
အဲတော့ စစ်တပ်ကြီးထွားချင်ရင် စစ်တပ်ဟာစစ်တပ်အလုပ်လုပ်ပါ။

စီးပွါးရေးလုပ်ငန်းတွေကို လမ်းဖွင့်ပေး။ ဟိုဗီုလ်ချုပ်အမျိုးမို့ ၊ ဒီဗိုလ်ချု့ပ်အမျိုးမို့ လုပ်ပိုင်ခွင့်ပေးပြီး ကျန်လူတွေကို ဘေးဖယ်ထားရင်၊ ရှိသမျှစီးပွါးရေးကို ခင်ဗျား
တို့ ချည်းပဲ ဦးပိုင်ထားရင်တိုင်းပြည်ဟာ လက်တစ်ဆုပ်စာ ဗိုလ်ချုပ်အမျိုးတွေတွက်ပဲ ဆိုရင်၊ ကြံ့ဖွံ့ တက်တက် ကြံ့ဖင်တက်ကက် တိုင်းပြည်ဘယ်တော့မှ နလံထူမှာ မဟုတ်ဖူး။ တိုင်းပြည်ကြီး ဆင်းရဲနေသမျှ အဲဒီတိုင်းပြည်ကြီးက ကျွေးမွေးထားတဲ့ စစ်တပ်ကြီး ဆင်းရဲနေမှာပဲ။ ဒါကို တပ်မတော်သားအားလုံးလဲ သဘောပေါက်ဖို့ လိုတယ်။

တပ်မတော်ဆိုတာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေတွက်မဟုတ်ဖူး
မတရားတဲ့ အမိန့် ၊ ကိုယ့်တစ်ဆွေတမျိုးကောင်းစားရေးတွက်သာ ဖန်တည်းပေးတဲ့  အမိန့် တွေကို ဖီဆန်ရဲသူ သာတကယ့်စစ်မှန်တဲ့ သူရဲကောင်းဖြစ်တယ်။

2 comments:

  1. ခက်ပါရော ကိုယ်ရွှေမြန်မာတို့ ရယ်.... နိုင်ငံအတွက် အလုပ်
    လုပ်ပေးတဲ့ လူတွေကို ပြစ်မှုရှာ ပြီး ကိုယ်ကတော့် လေပစ်စရိုက်
    တွေနဲ့ နိုင်ငံတော် အလုပ်ကြီးအကိုင်ကြီးလုပ်သယောင် ဖန်တီး
    နေကြတာ မြန်မာနိုင်ငံတော်အတွက် ဦးစွာပထမ ပြုပြင်ရမည့်
    နိုင်ငံသား ကျင့်ဝတ်ဟုထင်မြင်မိသည်။hapmalaysia

    ReplyDelete
  2. နိုင်ငံတော်တွက်လုပ်တော့လုပ်နေတာပဲဗျ ဒါပေမဲ့ လုပ်သမျှသောက်တလွဲချည်းဖြစ်နေတာကလွဲလို့ ပေါ့

    ReplyDelete

ဝေဖန်ရေးတွက်နေရာ