Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 11, 2011

သိက္ခာမဲ့ ကြသူများ

 ---ဘုန်းကြီးတစ်ပါး တည်းရှိတဲ့ ကျောင်းက ဂေါပက ဥက္ကဌတောင် စားပွဲ လေးလုံးထဲ ရှိ တဲ့  လမ်းဘေး စားသောက် ဆိုင်လေးမှာ ထမင်းလာစားတာ ရှေ့ တော်ပြေး လွှတ်ပြီး...
 
တခါကအနောက်တိုင်းဟာသပုံပြင်တခု။

တနေ့ ၊ အရက်ဘားတစ်ခုမှာ အင်္ဂလိပ်လူမျိုးတစ်ဦးနှင့် ပိုလန်လူမျိုးတစ်ဦးတို့ ဟာ ဘားကာင်တာမှာ ဆုံမိရင်း စကားစမြည်ပြောကြတယ်။

  • အင်္ဂလိပ်။  ။ ဟေ့ မင်းတို့ ပိုလန်တွေက ငွေဆို အရမ်းမက်မောတာပဲ။ ငွေကိုပဲ ငမ်ငမ်းတက် ရှာနေကြတယ်။ ငါတို့ အင်္ဂလိပ်တွေက ဂုဏ်သိက္ခာကို ငွေထက်ပိုမက်တယ်ကွ။ ငါတို့ က ဂုဏ်သိက္ခာကို ပိုငွေထက်ပိုတန်ဖိုးထားတယ်တဲ့ ။
    ဒါနဲ့ ပိုလန်လူမျိုးက လက်ထဲက အရက်ခွက်လက်ကျန်ကို မော့သောက်ရင်းပြန်ပြော ပြီး ဘားထဲ ကလှမ်းထွက်သွားတယ်။ သူပြောလိုက်တာကတော့၊

      •  ပိုလန်လူမျိုး။  ။ ဒါဘာဆန်းလဲ ကွာ လူတွေဟာ ကိုယ့်မှာမရှိတာကိုပဲ ငမ်းငမ်းတက်လိုချင်နေကြတာ သဘာဝပဲလေ။
      ကဲ၊ မှတ်ကရော၊ အင်္ဂလိပ်ကြီး ပါးစပ်ဟောင်းလောင်းနဲ့ တိတ်တဆိတ် ထထွက်သွားပါတော့သည်။ 

         ဒီနေရာမှာ တခုစဉ်းစားမိတယ် အတိုက်ခံတွေ ဖက် အဖွဲ့ စည်းမှာ၊ အချို့ သော သူတစ်ဦးချင်းစီမှာမပါ  ယခင် မဆလ လက်ထက် နအဖတိုင် ယခု သိန်းစိန်အစိုးရအဖွဲ့ ထိ ဘုန်းကြီးကျောင်း ဂေါပကပါမကျန် ကြည့်လိုက်ရင် မြန်မာ အသိုင်းဝိုင်းထဲမယ် ဘုရားထူးလက်အုပ်ချည်ခံချင်သူတွေတော်တော်များတွေ့ နေရ တယ်။ သံရုံးတွေက ဓါတ်ပုံတွေ မြင်ဖူးရင် သိမှာပါ။ အင်တာနက်ထဲမှာလဲ ပြံ့ နှံ့ လို့ ပါ။

        ရာထူးလေး တစ်ခုလောက်ရလာလျှင် သူတပါးကို ဟိုကောင်က ငါဟိုတုန်းကမွေးထားတဲ့ ကောင်ပါကွာ။ ငါမွေး ငါသင်ပေးထားတာပါ၊ ငါနေရာပေးလို့ ဖြစ်လာတာပါ အရင်ကဘာမှ မဟုတ်ပါဖူး စသဖြင့် လူတဖက်သား ရဲ့ လုပ်ရပ်ကို အများက မိမိထက် ပိုမိုလက်ခံလာရင် ထိုသူကို ထိုသို့ သောမှတ်ချက်များပေးပြီး မိမိကိုယ်ကို မိမိဘာသာသိက္ခာမြင့်တင်လေ့ ရှိကြတာတွေ့ ရတယ်။ ဒါလဲလေ အထက်က ပုံပြင် ဟာသထဲကလို လူ့ သ ဘာမို့ လို့ လေပဲ လို့ ပြောရမှာလား။ ဒီကောင်က အရင်တုန်းကသာ ဘာမှ မဟုတ်တာ ခုကျိုးစား ပြီး မှန်မှန်ကန်ကန် လုပ်လာလိုက်တာ အောင်မြင်လာပြီး ဂုဏ်ယူဝမ်းမြောက်ပါတယ် လို့  ဘာ ကြောင့် ကျုပ်တို့ ဗမာတွေ ပြောဖို့ ဝန်လေးနေကြတာပါလိမ့်။

        ပိုပြီး ရယ်စရာကောင်းတာက ၂၀၀၃ ခုနှစ်လောက်က  မြန်မာစားသောက်ဆိုင်တခုမှာ အမျိုးသမီးကြီး တစ်ဦး အလျင်စလို ၀င်လာပြီး ဟဲ့ ကောင်လေး ဥက္ကဌလာနေတယ် နေရာ ကောင်းကောင်း သန့်သန့်စပါယ်ရှယ်လေး လုပ်ပေးပါ တဲ့ ။ ဗိုလ်ချုပ်သန်းရွေကြီး ရုံးတက်ချိန်လို ရှေ့ တော်ပြေးက အလျင်ရောက်လာပြီး ပြောတယ်။ ဒါနဲ့ စိတ်ဝင်တစားနဲ့ သိချင် ဇောကြီး စွာနဲ့ အောက်အီးပြီး ထို VIP လူတစုဆိုင်က ထထွက်သွားမှ သူငယ်ချင်းမေး ကြည့်မိတယ်။ အဲဒီလူကြီး ကဘာဥက္ကဌလဲ ဆို တော့ ဘုန်းကြီးကျောင်း ဂေါပကဥက္ကဌပါတဲ့ ။

        ကဲ ဘုန်းကြီးတစ်ပါး တည်းရှိတဲ့ ကျောင်းက ဂေါပက ဥက္ကဌတောင် စားပွဲaလးလုံးထဲ ရှိ တဲ့ လမ်းဘေး စားသောက် ဆိုင်လေးမှာ ထမင်းလာစားတာ ရှေ့ တော်ပြေး လွှတ်ပြီး နေရာပြင်ခိုင်းရတယ်ဆိုတော့ အင်း ကျန်လူတွေ တွေးသာကြည့်ကြပါဗျိုး။ ဘုရားစူး။ မိုးကြိုးပွတ်အဲဒါ တကယ့် အဖြစ်ပျက် ကျုပ်တို့ မြန်မာ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်ဗျိုး။

        ပိုမို ဖတ်နိုင်ရန်။ နှိပ်ပါ

        Objective - Burma

        4 comments:

        1. ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပဒေသာပင် မြေကပေါက်လာမှာ မဟုတ်ဖူး ခင်ဗျားတို့ ကျွန်တော်တို့ ကုန်းရုန်းပြီး အလုပ်လုပ်ကြရမှာ။ အဲတော့ ခင်ဗျားတို့ ရဲ့ အဲဒီ သောက်ကျင့်ဆိုးတွေ ကို ပြင်ကြပါ။ ဒါတို့ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်း။

          ReplyDelete
        2. မနာလို ၀န်တို တဲ့ နေရာမှ တို့ ဗမာတွေ ကထိပ်ဆုံးကပဲ။ ဘိုးတော်ဘုရားလက်ထက် ထဲကပဲ ဘုရင်ကစ မနာလို အကုန်သတ်စေ ဆိုတော့

          ReplyDelete
        3. What funny people. MgMg get out.

          ReplyDelete
        4. ဗိုလ်ချုပ်အောင်ဆန်းမိတ်ခွန်းဆိုတော့် Anonymous ရဲ့မီန့်
          ခွန်းမဟုတ်ဘူးပေါ့်??? ဒါဆိုဒီစာစဉ် ဥပမာအရ ပြောသူလည်း
          မရှိသေးလို့ ပြောတာပေါ့်နော်....သူများကိုမေးငေါ့်မယ့်အစား
          ကိုယ်တိုင်အရင် ပြင်လိုက်ရင် မြန်မာပီသစေမယ်....hapmalaysia

          ReplyDelete

        ဝေဖန်ရေးတွက်နေရာ