ပါရမီ မြို့တွင်းယာဉ်လိုင်းမှ ယာဉ်ငါးစီးအား 'ရာဇာ'ဟု အမည်တွင်သောအုပ်စု တစ်စုမှ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ၂၃၂ ရှိမော်တော်ယဉ်ငါးစီးကို သာကေတမြို့နယ် မင်းနန္ဒာလမ်းပေါ်ရှိ (၁)ဈေးကွေ့မှတ်တိုင်နှင့် ရန်အောင် မှတ်တိုင် အကြားတွင် တုတ်၊ ဓား၊ စတားဝက်အူလှည့်ပုံစံ သံချွန်များ ကိုင်ဆောင်ပြီး ခြိမ်းခြောက်လုယက်မှုဖြစ်သွားခဲ့ပါသည်။ ပြီး ကားမှန်များကို ရိုက်ခွဲ သွားခဲ့သည်။ ကားငါးစီးတွင် ယဉ်အမှတ် ၇ခ/၇၈၅၃၊ ၂ဂ/၉၇၀၄၊ ၉ခ/၄၄၇၉၊ ၇ခ/၇၈၅၅၊ နှင့် ၂ဂ/၅၃၅၁ တို့ ဖြစ်ပြီး ထိုကူညီပါရစေ အဖွဲ့ သည် သာမန် ပြည်သူများ စာရွက် ငယ်ကိုင်ဆောင်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုကို လမ်းပေါ်မှာ ကြွေးကြော်လျှင်သော်လည်းကောင်း၊ နိုင်ငံတော်၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ကိုင်ဆောင်လျှင်သော်၎င်း၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံကို ကိုင်ဆောင် လျှင်သော်လည်းကောင်း၊ ရွေတိဂုံ ဘုရားတက် အင်္ဂါဒေါင့် တွင် ဆုတောင်း လျှင်သော် လည်းကောင်း၊ ထိုသို့ ပြုလုပ်သူများအား မိနစ် အနည်းငယ်တွင်း ကားကြီး ကားငယ်အသွယ်သွယ်ဖြင့် ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ ကြသည်။
သို့ သော်ယခုကဲ့ သို့ လမ်းလယ်ကောင်တွင် လက်နက်ကိုင် ဒါးပြတိုက်မှုကိုမူ ၁၀ ရက်ကြာချိန်ထိအောင် ထို ရာဇာ ဟူသော လူမိုက်များအား အရိပ်မျှပင် စိုးစင်းမှ မသိရှိသေးခြင်းမှာ လွန်စွာ အံ့အားသင့် ဖွယ် ကောင်းလှပါသည်။ ကူညီပါရစေ လက်နက်ကိုင် အဖွဲ့ များ မည်သူ့ ကို ကူ ညီနေပါသလဲခင်ဗျား၊ ပြည်သူအများသိရှိရန် အကြောင်းပြန်ပေးပါ။
No comments:
Post a Comment
ဝေဖန်ရေးတွက်နေရာ