တနေ့ ထိုင်းနိုင်ငံတွင် အာဆီယံအစည်းဝေးသို့ တက်ရောက်အပြီး သတင်းစားရှင်းလင်းပွဲလုပ်ရန် ဗိုလ်ချုပ်သန်းရွေ၊ ဗိုလ်ချုပ်မောင်အေး နှင့်ဗိုလ်ချုပ်သိန်းစိန်တို့ သုံးဦး ခန်းမထဲသို့ ဝင်လာလေသည်။ အခန်းနာမှုးထိုင်းလူမျိုးမှ ခန်းမတွင်းဝင်ရောက်လာသူများအား အမည်ကြေငြာလေသည်။
ယခုရှေ့ ဆုံးမှ ကြွရောက်လာသူကတော့ မြန်မာနိုင်ငံမှ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွေဖြစ်ပါတယ်ခင်ဗျား၊ ဗိုလ်ချုပ်ကြီး သန်းရွေစင်မြင့်ပေါ်နေရာယူပေးပါရန်။ ကြေငြာအပြီး ဗိုလ်ချုပ်ကြီးသန်းရွေ အခန်းနာမှုးနောက်နားမှ ဖြတ်ကာ စင်မြင့်ပေါ်တက်ပြီး ထိုင်ခုံတွင်ဝင်ထိုင်လိုက်လေသည်။ ထို့ နောက် အခန်းနားမှုးမှ ထပ်မံပြီး ဗိုလ်ချုပ်မောင်အေး နံပါတ် ၂ ခေါင်းဆောင် စင်မြင့်ပေါ်သို့ ကြွရောက်ပါရန်ပန်ကြားပါသည်။ ဗိုလ်ချုပ်မောင်အေး စင်ပေါ်အတက်အခန်းနားမှုးမှ ၄င်း၏ပုခုံးအားလက်နှင့်တိုက်မိသွားလေသည်။ ထိုအခါ အခန်းနားမှုးမှ တောင်းပန်စကားပြောလိုက်သည်။ "Oh I am so sorry" ထိုအခါ ဗိုလ်ချုပ်မောင်အေးမှ "Me too" ဟုပြန်ပြောလိုက်သည်။ ဤတွင် ဗိုလ်ချုပ်မောင်အေး အနောက်နားမှ ကပ်ပါလာသော ဗိုလ်ချုပ်သိန်းစိန် ယခု သမ္မတဦးသိန်းစိန်မှ အခန်းနားမှုးအား အလျင်မြန်ပင် အော်ပြောလိုက်သည်။ "Me three"
Objective Burma Burma blog
Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။
ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။
ဖြစ်နိုင်ပါမလား ကျွန်တော်က စစ်အစိုးရကိုမုန်းတဲ့လူတယောက်ပါ စစ်အစိုးရတွေကိုအဒေါက်ဖြုတ်ချင်ရင် တခြားနည်းသုံးပြီး ရေးပါလား
ReplyDeleteကျွန်တော်တို့လဲဝိုင်းပြီးထောက်ခံလို့ရတာပေါ့ အခုဟာက ထောက်ခံလို့မဖြစ်နိုင်တဲ့နည်းလမ်းတွေရှိနေလို့ပါ တမျိုးတော့မထင်လိုက်ပါနဲ့ ကျွန်တော်လည်း စစ်အစိုးရကို ကြည့်လို့မရတာထိပ်ကပဲ တမျိုးတော့မထင်ပါနဲ့နော် အကြံညဏ်ပေးယုံသက်သက်ပဲ
ဟာသကို ဟာသလိုပဲဖတ်ကြပါခင်ဗျာ။ အတည်ယူပြီး serious မတွေးကြပါနှင့်။ ကမ္ဘာမှာ တိုင်းပြည်အသီးသီးက သမ္မတများ တွက်ဟာသ လုပ်ရပ်တွေ ဒုနှင့်ဒေးပေါ်ဖူးပါသည်။ ။ မြန်မာဘုရင်လက်ထက်မှာလဲ ဘိုးတော်ဘုရားနှင့် ဦးပေါ်ဦးရှိခဲ့ဖူးပါသည်။
ReplyDeleteသို့ သော်ထိုဟာသလုပ်ကွက်များဟာ တိုင်းပြည်အခြေအနေနှင့် အာဏာရှိသူတို့ ရဲ့ လုပ်ရပ်ကိုထင်ဟတ်စေတာကတော့ ခောတ်အဆက်ဆက်တိုင်း ဖြစ်ပါသည်။
တိုက်ခိုက်ရာဝယ် လက်နက်နှင့်တိုက်ခိုက်ခြင်း။ စိတ်ဓါတ်ချွတ်ခြုံကျအောင်တိုက်ခိုက် ခြင်းများရှိပါသည်။ ဗိုလ်နေ၀င်းလက်ထက်မှသည် ယနေ့ တိုင် စိတ်ဓါတ်စစ်ဆင်ရေးဟူသော စစ်တပ်ကြီးကို နယ်လှည့်အရပ်တကာ ပွဲကခိုင်းပြီး မြန်မာပြည်သူများအား ဦးနှောက်ဆေး စိတ်ဓါတ်ချွတ်ခြုံကျအောင်တိုက်ခိုက်နေသည် မှာ ယနေ့ထက်တိုင်အောင်ပင်ဖြစ်ပါသည်။ နယ်လှည့်စစ်ဆင်ေ၇း ဇတ်ပွဲများကြည့်ဖူးသူတိုင်းသိနိုင်ပါသည်။
ထောက်ပြခြင်းတွက်ကျေးဇူးတင်ပါသည်။