Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 25, 2011

ဘန်ကီမွန်းနှင့်ဗိုလ်ချုပ်ဦးနှောက်

ကုလသမ္မဂအထွေထွေအတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်းသည် ရုရှားနိုင်ငံသို့ အရောက် စားသောက်ဆိုင်တစ် ဆိုင်သို့ ဝင်သွားရာ စားသောက်ဆိုင်တွင်း ဆိုင်းဘုတ်တွင် ရေးထားသောယနေ့ အထူးဟင်းလျှာများကိုဖတ်ရှု လိုက်ရာ အောက်ပါတိုင်းတွေ့ ရလေသည်။

၁) မျောက်ဦးနှောက်ဟင်း တစ်ပွဲ ဒေါ်လာ ၅၀

၂) ခွေးဦးနှောက်ဟင်း တစ်ပွဲ ဒေါ်လာ ၈၀

၃) မြန်မာစစ်ဗိုလ်ချုပ်ဦးနှောက်ဟင်း တစ်ပွဲ ဒေါ်လာ ၉၀၀

ဟုပါရှိလေသည်။ ဒါနဲ့ စားပွဲထိုး ကောင်မလေးကိုခေါ်မေးကြည့်လိုက်သည်။

ဘန်ကီမွန်း။  ။ ဘာလို့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဦးနှောက်ဟင်းက ဈေးဒီလောက်များနေရတာလဲ၊
စားပွဲထိုး ။  ။ ဒီလိုပါ မျောက်ဦးနှောက် နှင့် ခွေးဦးနှောက် ဟင်းတွေက တစ်ပွဲပြင်ဖို့ ကို ဦးနှောက်တစ်လုံးစီသုံးရပါတယ်။ အဲမြန်စစ်ဗိုလ်ချုပ်ဦးနှောက်က ဟင်းတစ်ပွဲရဖို့ ကို ဗိုလ်ချုပ် ၁၅ ယောက်ရဲ့ဦးနှောက်ကို သုံးရပါတယ်။ သူတို့ ဟာကတော်တော်လေး သေးလွန်းလို့ ပါ။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ