Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 25, 2011

တတိုင်းပြည်လုံးပျော်အောင်လို့ 

အချိန်က နာဂစ်မုန်တိုင်းတိုက်အပြီး ယခင်ဗိုလ်ချုပ်ကြီးသိန်းစိန် (ယခုသမ္မတ)နှင့် ပြန်ကြားရေး ၀န်ကြီးဗိုလ်ချုပ်ကျော်ဆန်း၊ စက်မှုဝန်ကြီး ဦးသောင်း တို့ ရဟတ်ယဉ်ဖြင့် ဧရာဝတီတိုင်းတွင်း ပျက်စီးမှုများကို လိုက်လံကြည့်ရှုစဉ်တွင်။

သိန်းစိန်။  ။ ကျော်ဆန်း ငါခုနေ ပိုက်ဆံတစ်သိန်းပစ်ချလိုက်ရင် ရ့တဲ့ သူ တစ်ယောက်တော့ ဝမ်းသာမှပဲ
ကျော်ဆန်း။  ။ ဗိုလ်ချုပ်ကြီးခင်ဗျား ကျွန်တော်မျိုးကြီးကတော့ တစ်သောင်းထုပ် ၁၀ထုပ်ချရင် ၁၀ယောက်လောက်ဝမ်းသာမယ်ထင်တယ်။


ဦးသောင်း။  ။ ကျွန်တော်မျိုးကတော့ ငါးထောင်တန် နှစ်ဆယ်ရွက်ဆို လူနှစ်ဆယ် လောက်ပျော်တော့ ပိုကောင်းမယ်ထင်တယ်

တခါဗိုလ်ချုပ်သိန်းစိန်မှ ရဟတ်ယဉ်မောင်းသူအာမေးလိုက်သည်။ မင်းကကော ဘယ်လိုလုပ်ရင်ကောင်းမယ်ထင်လဲ။

ထိုအခါရဟတ်ယဉ်မောင်းသူ ဗိုလ်ကြီးမှ၊ ဗိုလ်ချုပ်ကြီးတို့ ခင်ဗျား ကျွန်တော်ကတော့ တတိုင်းပြည်လုံးပျော်သွား အောင် ဗိုလ်ချုပ်ကြီးတို့ အားလုံး ကိုပစ်ချလိုက်တော့မယ်ဆို  ဆိုပြီး ရဟတ်ယဉ်ကို ရေထဲထိုး ချလိုက်ပြီး ၄င်းကတော့ လေထီးဖြင့်ခုန်ထွက်သွားလေတော့သည်။

××××××××××××××

မှတ်ချက်၊ အောက်တွင် နာဂစ်ကြောင့် ပေါလောမျောနေသော လူသေလောင်းများခံနေသဖြင့် ထိုဗိုလ်ချုပ်ကြီးများ ရေမနစ်ပဲ ခုထိဆက်လက်ရှင်သန်အုပ်ချုပ်နေခြင်းဖြစ်ကြောင်းသိရပါသည်။

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ