Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 26, 2011

ဗိုလ်ချုပ်နေ၀င်းဓါတ်ပုံနှင့်သူဌေးဖြစ်သွားသူ

ကျွန်တော်ငယ်စဉ်ကမိသားစုမှာ လက်္ဘရည်ဆိုင်ဖွင့်ထားသောကြောင့် ကျွန်တော်လဲ ကျောင်းအားရက် မိသားစုလက္ဘ်ရည်ဆိုင်တွင် စားပွဲထိုး ၀င်လုပ်ပေးလေ့ရှိသည်။ လက်္ဘရည်ဆိုင်ဆိုသည်မှာအများသိကြတဲ့တိုင်းလူ စုံ အကြောင်းရာစုံပြောကြဆိုကြနှင့်အချိန်ဖြုံးစရာ၊ ယောကျာင်္းများအတင်းတုပ်ရာနေရာတစ်ခုမဟုတ်ပါလော။
အဲဒီချိန်က လူကြီးများပြောများသည့်အကြောင်းရာတစ်ခုကတော့ဗိုလ်ချုပ်နေ၀င်း ဓါတ်ပုံနှင့်သူဌေးဖြစ်သွားသူအကြောင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေ၀င်းကြီး အိမ်စောင့်အစိုးရလက်ထက်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ စစ်ဝတ်စစ်စား အစိုးရမှသည် အရပ်သားအ၀တ်အစားဝတ်အစိုးရအဖြစ်သို့ ကူးပြောင်းစဉ်ကာလပေါ့၊

အာဏာရှင်ဟောင်းနေ၀င်း

ဦးနေ၀င်းတွင် ငယ်စဉ်စာတိုက်တွင်အလုပ်လုပ်စဉ် ငယ်သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက် ဦးချိုဆိုတစ်ဦးရှိလေသည်။ တနေ့ တွင်၎င်း၏လူယုံ ထမင်းချက်ကုလားမူတူး (နာမည်မှန်မေ့နေသည်)။ နှင့် စကား ပြောဆိုရင်း ထို၎င်းသူငယ်ချင်းဦးချိုဆိုသူအား သတိတရရှိသည်နှင့် ဘေးနားမှ ဗိုလ်ချုပ်တစ်ဦးအား ငေါငေါက်ကာ "ဟေ့ကောင် ဟိုဗိုလ်ချုပ် ငါ့သူငယ်ချင်းမောင်ချိုကိုရှာပေးစမ်းကွာ"

ထိုဗိုလ်ချုပ်လဲ ဦးချိုအားရှာဖွေကာ ဦးနေ၀င်းရှေ့မှောက်ခေါ်လာခဲ့လေသည်။ဦးချိုမှာ စားရမဲ့ သောက်ရမဲ့ ဖြင့် လွန်စွာ ဆင်းရဲနေသည်ကိုဦးနေ၀င်းတွေ့ ရှိသွားလေသည်။


ဦးနေ၀င်း။  ။ ဟေး ငချို ခုငါနိုင်ငံတော်မှာ အကြီးဆုံးပဲကွ မင်းကွာ ငယ်သူငယ်ချင်း အချင်းချင်း မင်းဆင်းရဲတာ ငါမကြည့်ရက်ဖူး။ မင်းငါ့ပါတီဝင်ကွာ နေရာတစ်နေရာပေးမယ်။

ဦးချို။  ။ နေပါစေ သူငယ်ချင်းရယ်။ ငါ့ဖာသာပဲ တောရွာမှာ ဈေးရောင်းစားပါ့မယ်။ ခုလို သတိတရခေါ်တွေ့ တာအများကြီးဝမ်းသာပါတယ်။

ဦးနေ၀င်း။  ။ ဒါဆိုလဲမပြန်ခင် မင်းဘာလို ချင်လဲ ပြောကွာ ငါလုပ်ပေးမယ် ။ ကားပါမစ်ယူမလား။ မြေတစ်ကွက်ယူမလား။ ဒါမှမဟုတ်......

ဦးချိုမှ စကားဖြတ်ပြောလိုက်သည်။ " နေပါစေကွာ ဖြစ်နိုင်ရင် ငါမင်းဓါတ်ပုံ ကြီးကြီး ကောင်းကောင်း ခိုင်ခံ့ခံ့ တစ်ပုံပဲပေးပါကွာ။
ဒီလိုနဲ့ ဦးချိုလဲ ဗိုလ်ချုပ်နေ၀င်းဓါတ်ပုံယူပြန်သွားလေသည်။ ဒီလိုနဲ့ ၃ နှစ်ခန့် အကြာ မေ့ မေ့ ပျောက်ပျောက် နှင့် တစ်နေ့ ဦးချိုမှ ဗိုလ်ချုပ်ကြီးနေ၀င်းအား တွေ့ ခွင့်တောင်းလေသည်။ ဦးနေ၀င်းကြီးလဲ သူ့ အိမ်တွင် ညနေလာတွေ့ ရန် ခွင့်ပြုလိုက်လေသည်။

ထိုညနေတွင် ဦနေ၀င်းအိမ်သို့ မာစီဒီး ကားနက်ကြီးနှင့် ၀တ်ကေင်းစားလှနှင့် ဦးချိုသည်ဆင်းလာသည်။

ဦးချို က ရောက်မဆိုက်ပြောလိုက်သည် သူငယ်ချင်းရေ မင်းဓါတ်ပုံကျေးဇူးပေါ့ကွာ။ ငါလဲ ခုချမ်းသာသွားပြီး
ဦနေ၀င်းမှာ အလွန်ပီတိဖြစ်သွားသည်။ သူ့ ဓါတ်ပုံကတော်တော်အစွမ်းထက်တာပဲဟုတွေးနေရင်း ဦးချိုအားမေးလိုက်သည်။ "ရှင်းစမ်းပါဦးကွ ဘယ်လိုလုပ်ငါ့ဓါတ်ပုံက မင်းကို အကျိုးပြုသွားလဲဆိုတာ"

ဦးချိုကဆက်ပြောပြသည်မှာကား "နေ၀င်း၊သူငယ်ချင်းဗိုလ်ချုပ်ကြီးဟောင်းရယ် မင်းဓါတ်ပုံရပြိး ငါလဲ ငါ့အိမ်ရှေ့ ဝါးကပ်နဲ့ ရုံထိုး။ မင်းဓါတ်ပုံကိုနံရံမှချိတ်။ ပြီး ရုံရှေ့ မှာ ဆိုင်းဘုတ်ထောင်လိုက်တယ်။ ခဲနှင့်တခါပစ်ငါးမူး၊ တံတွေးနှင့်တခါထွေးရင် တစ်ကျပ်ဆိုပြီးတော့ ၊ လာလိုက်တဲ့ လူအုပ်ကြီး ခုငါမာစီဒီး ၀ယ်စီးနိုင်တဲ့ ထိပဲ"

××××××××××××××××××××××××××××××××××××××××××××××××××××××
ကျွန်တော်လဲဖြစ်နိုင်ရင်ဦးသိန်းစိန်ဓါတ်ပုံခိုင်ခိုင်ခံ့ခံ့လိုချင်တယ်ဗျို့ ။
ရေးသားသူ၊ O-Burma

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ