Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Apr 26, 2011

ဗိုလ်ချုပ်ကြီးများ ၏ အိုင်ကျူ

တခါက ဗိုလ်ချူပ်သန်းရွေသည် ကုလသမ္မဂအစည်းအဝေးသို့ အသွားတွင် သမ္မတ အိုဘားမားနှင့် မျက်နှာချင်းဆိုင်စကားပြောနေရင်း။

ဗိုလ်ချုပ်သန်းရွေ။  ။ ကျုပ်က ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြတ်နေတာကြာပြီးဆိုတော့ မေးရဦးမယ်။ ခင်ဗျားက လုပ်ငန်းဆောင်တာတွေလုပ်ဖို့ တွက် အမေရိကန်နိုင်ငံကြီးရဲ့ အထွေထွေ အတွင်းရေးမှုး အဖြစ်အရည်ချင်းရှိသူတွေကို ဘယ်လိုရွေးချယ်တာလဲ။

အိုဘားမား။  ။ ကျုပ်ကမေးခွန်းလေးတွေမေးပြီး ဖြတ်ထိုးညာဏ်ကောင်းသူတွေကို ရွေးတယ်။ ဒီမှာ ကျုပ်သက်သေပြမယ်။
အိုဘားမားက အနားမှဟယ်လီကလင်တန်ကို ခေါ်မေးလိုက်သည်။
မစ္စဟယ်လင်၊ ယူ့ အမေမှာ ကလေးတစ်ယောက်ရှိမယ် ယူ့ အဖေမှာလဲ ကလေးတစ်ယောက်ရှိမယ် အဲဒီကလေးက နင်နဲ့ ဘာမှမတော်စပ်ဖူး အဲဒါဆို ဒီကလေးက ဘာဖြစ်မလဲ။

ဟယ်လင်ကလင်တန်က၊ ဟာအဲဒီပုစ္ဆာထဲကကလေး အဲဒါဆို ကျမကိုယ်တိုင်ပဲဖြစ်မှာပေါ့။

အိုဘားမား။  ။ကဲ ကျုပ်မပြောဖူးလား အဲလို ဖြတ်ထိုးညာဏ်ကောင်းသူကိုမှ ကျုပ်ကရွေးခန့်တာ။
သန်းရွေ။ ။ဟုတ်ပြီး။ ကျုပ်လဲမှတ်ထားပြီး လက်တွေ့ အသုံးချရမယ်။

ထိုသို့ နှင့်အစည်းဝေးမှအပြန်မြန်မာပြည်ပြန် အရောက်တွင် ချက်ချင်းပဲ ဗိုလ်ချုပ်ကြီးသိန်းစိန်(ယခုသမ္မတ) အား လှမ်းပြီးခေါ်မေးလိုက်တယ်။

" ဟေ့ သိန်းစိန် ငါမင်းရဲ့ ပညာညာဏ်ဘယ်လောက်ရှိလဲဆိုတာ စမ်းကြည့်ချင်တယ် မင်းဒီမေးခွန်းကိုဖြေစမ်းကွါ။ မင်းအမေမှာလဲ ကလေးတစ်ယောက်ရှိမယ် မင်းအဖေမှာလဲကလေးတစ်ယောက်ရှိမယ်၊ ဒါပေမဲ့ အဲဒီကလေးက မင်းနှင့် ဘာမှ မတော်စပ်ဖူး၊ ဒါဆိုဘယ်သူဖြစ်မလဲ"

ဗိုလ်ချုပ်ကြီးသိန်းစိန်မှခေါင်းကုတ်ပြီး " ဗိုလ်ချုပ်ကြီးခင်ဗျာ နောက်သုံးရက်လောက်အချိန်ပေးပါခင်ဗျာ။ ကျွန်တော်အဖြေပေးပါ့မယ်" သို့ နှင့်ဗိုလ်ချုပ်မှုးကြီးခွင့်ပြုချက်ဖြင့်သုံးရက်အချိန်ရလိုက်လေသည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်လဲ ချက်ချင်းပင် တိုင်းမှုးတပ်မမှုးများကို အရေးပေါ်အစည်းဝေးဆင့်ခေါ်ပြီး အဖြေရှာတော့သည်။ နှစ်ရက်တိုင်အောင် တံခါးပိတ်အစည်းဝေးခေါ်ပြီး အဖြေရှာသော်လည်းမည်သူမှ မဖြေနိုင်ကြချည်။ သို့ နှင့်၎င်း၏စစ်ဖက်ဆိုင်ရာမှမည်သူမှမဖြေနိုင်သောအခါ ညနေစာစားရင်း ညည်းညူနေမိ၏။ ထိုအခါ အနားမှ ကြမ်းတိုက်နေသောထမင်းချက်က ကောက်ကာငင်ကာ " ကျနော်သိတယ် ၀န်ကြီးချုပ်အဲဒါ  "အဲဒီ မေးခွန်းမှာ ကျနော့်အဖေနှင့်အမေမှာ ကလေးတစ်ယောက်တည်းရှိတယ်။ အဲဒီကလေးက ကျနော်နှင့်ဘာမှလဲမတော်စပ်ဖူးဆိုတော့။မေးခွန်းအဖြေမှန်ရဲ့ ကလေးကကျနော်ကိုယ်တိုင်ပဲဖြစ်တာပေါ့"

သို့ နှင့်ဗိုလ်ချုပ်ကြီးသိန်းစိန်လဲ အလျှင်အမြန် ဗိုလ်ချုပ်မှုးကြီးသန်းရွေထံ ဖုန်းဆက်ပြီး ဗိုလ်ချုပ်မှုးကြီးခင်ဗျား ကျွန်တော်အဖြေရပါပြီး။ အဲဒီကလေးက ကျနော့်အိမ်ကထမင်းချက်ဖြစ်ပါတယ် ဟုဖြေလိုက်လေသည်။

ထိုအခါ ဗိုလ်ချုပ်ကြီးသန်းရွေက ဒေါသတကြီးနှင့် "ဟေ့ကောင်သိန်းစိန် မှားတယ်ကွ မင်းဝန်ကြီးချုပ်၊ ဗိုလ်ချုပ်တစ်ယောက်လုပ်နေပြီး ဒီလောက်တောင်ဖျဉ်းရသလားကွ ဟေ၊ မသေမချင်းမှတ်ထား၊ အဲဒီ ကလေးက ဟယ်လင်ကလင်တန်ကွ။
××××××

2 comments:

ဝေဖန်ရေးတွက်နေရာ