Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 8, 2011

သြစတျေးလျအစိုးရမှ မလေးရှားရှိ မြန်မာဒုက္ခသည် ၄၀၀၀ ကိုလက်ခံမည်

 သြစတေးလျနိုင်ငံသို့ အာဖဂန်နှင့်အီရတ်ကဲ့သို့ သော တိုင်းပြည်များမှနေပြီး အင်ဒိုနီးရှားမှတ ဆင့် လှေဖြင့် ကူးလာသော ဒုက္ခသည်များစွာသည် နှစ်စဉ်တိုးလာနေသောကြောင့် သြစတေးလျအစိုးရအနေဖြင့်ထို ကိစ္စ သည်ခေါင်း ခဲစရာဖြစ်နေသည်။ ထိုကိစ္စကိုဖြေရှင်းရန် သြစတေးလျအစိုးရအနေနှင့်မလေးရှားအစိုးရနှင့် ညှိုနှိုင်းပြီး နောက်ထပ်လှေဖြင့်ရောက်ရှိလာမည့် ဒုက္ခသည် (သို့ ) တရားမ၀င်ဝင်ရောက်လာသူများကို မလေး ရှားဒုက္ခသည်များစခန်းသို့ ပို့ဆောင်ပြီး၊ ယခုမလေးရှားနိုင်ငံတွင် ကုလသမ္မဂမှ ဒုက္ခသည်အဖြစ်အသိ မှတ်ပြု ထားသူ များ မလေးရှားရှိဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို တစ်နှစ်လျှင် ၁၀၀၀ နှုန်းဖြင့် လေးနှစ်ထိ ဒုက္ခသည် ၄၀၀၀ ကိုလကံ္ခမည်ဟုသိရပါသည်။ များသောအားဖြင့် မြန်မာနိုင်ငံတွင်းမှ ထွက်လာသော  မြန်မာလူမျိုး တိုင်းရင်းသားများဖြစ်လိမ့်မည်ဟုသိရပါသည်။


 ကိုးကား။ The Age News.

No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ