Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

May 5, 2011

အမေရိကန်၏လျှို့ ဝှက် နည်းပညာများ

ယမန်နေ့ အိုစမာဘင်လာဒင်အိမ်ကိုဝင်စီးရာတွင် Black Hawk Chopper ကိုအသုံးပြုခဲ့ပြီး တစ်စင်းကို စက်ချို  ယွင်းမှုကြောင့် ဖျက်ဆီးခဲ့သည်။ အကြောင်းရင်းမှာယနေ့ သတင်းများထုတ်ဖေါ်ချက်အရ ၄င်းဟယ်လီကော်ပ တာသည်သာမန်အခြားသော ဟယ်လီကော် ပတာများကဲ့သို့  မဟုတ်ပဲ Stealth fighter jet တိုက်လေ ယဉ် ကဲ့သို့ ကိုယ်ပျောက်နည်းပညာများ ကို အသုံးပြု တည်ဆောက်ခြင်းကြောင့် နည်းပညာများသဲ လွန်စမကျန်
ရန် ဖြစ်သည်ဟုပြောပါသည်။ ပါကစ္စတန်မှ တဆင့်တရုတ်အစိုးရသို့  ၄င်းဟယ်လီကော်ပတာ အစိတ်ပိုင်း များကိုရောင်းချမည်ကိုလဲ US မှစိုးရိမ်မိကြောင်း ထင်ကြေးပေး နေ ကြပါသည်။ တရုတ်အစိုးရသည် ယခင် Stealth Jet တိုက်လေယဉ်၏ပုံစံကိုခိုးယူပြီး ၄င်းတို့ မူပိုင်ဟန်ဖြင့်ပုံတူကူးခိုးချထားမှုရှိခဲ့သောကြောင့် US ၏တရုတ်ခိုး ချမှုကို စိုးရိမ်မှုသည် ဖြစ်နိုင်ကောင်းသည်ဟုလည်း အများကသုံးသပ်နေကြသည်။

ယခု Stealth Black Hawk (ဘလက်ဟော့ခ်) ရဟတ်ယဉ်သည် အသံမှာသာမန် ရဟတ်ယဉ်ထက်ကို လွန်စွာအ သံတိုးပြီး ညင်သာပေါ့ပါးစွာမောင်းနှ င် နိုင်ပြီး ရေဒါနှင့်လွယ်လွယ်ကူကူထောက် လှမ်းနိုင် ချင်းမရှိအောင် တည်ဆောက်ထားသည်။ ထို့ ကြောင့်ပါကစ္စတန် ကာကွယ်ရေးတပ်မှပင် အိုစမာဘင် လာဒင်အိမ် နားထိ ကပ်လာ သည့် တိုင်အောင် ၄င်းဟယ်လီကော်ပတာများ ပျံသန်းလာမှုကို မသိရှိ လိုက်ခြင်းဖြစ်ပြီး အနား ကပ်မှသာ အနီးပတ်ဝန်းကျင်မှလူများ အသံကြားသတိထားမိကြကြောင်း။

ထို Stealth Black Hawk နှင့်လိုက်ပါသော တပ်ဖွဲ့ အား လွန်ခဲ့သော လအနည်းငယ်ကပင်စတင်ပြီး ဘင်လာဒင် ၏အိမ်ပုံစံတူကို တည်ဆောက်ကာ ၀င်ရောက်စီးနင်းမှုကိုအပြင်းထန်လေ့ ကျင့်ပေးထားသည်။ ၄င်းတို့ သည် မိနစ်အနည်းငယ်အလိုမှသာ ၄င်းတို့ ဝင်ရောက်စီးနင်းရမည့် အိမ်သည် ဘင်လာဒင်၏အိမ်ဖြစ် ကြောင်း သိရှိ လိုက်ကြသည်။ 

အိုဘားမားမှယနေ့ ဘင်လာဒင်၏အလောင်းဓါတ်ပုံကိုထုတ်ပြရန်မသင့်ဟု ပြောဆိုလိုက်သည်။ ဘင်လာဒင် သည် ဦးခေါင်းတွင် အပစ်ခံရမှုကြောင့်ထိုဓါတ်ပုံကိုအသုံးပြုပြီး အကြမ်းဖက်သမားများမှ သွေးကြွ တိုက်ခိုက် ရန်လျှို့ ဆော်မှုဖြစ်ပေါ်နိုင်သောကြောင့်ဟုဆိုပါသည်။

See also : နှစ်ဆယ့်တစ်ရာစု၏ကွန်ပျုတာဂိမ်းနည်းပညာများ

1 comment:

  1. AnonymousMay 06, 2011

    စတီးလ်တိုက်လေ ယဉ်
    It's not စတီးလ်.
    It's စတက်လ်.

    H^ealth.
    St^ealth.
    SEE.

    ReplyDelete

ဝေဖန်ရေးတွက်နေရာ